စာစဉ်(၈၉)

1.7K 40 12
                                    

အပိုင်း(၁၂၈၀): စာလုံးထောင်ချီမှော်စာလိပ်

နတ်ဆိုးအသံသည် အော်မြည်နေပြီး သူ့အနားတွင် ရစ်ဝဲနေကာ ရီဖူရှင်း၏ အသိအတွင်းသို့ ဆက်လက်ကျူးကျော်လာနေသည်။ ကြောက်မက်ဖွယ် နတ်ဆိုးအရောင်အဝါများက သူ့ခန္ဓာကိုယ်တဝိုက်တွင် စီးဆင်းနေသည်။ သူ၏ ဖြစ်တည်မှုတစ်ခုလုံးသည် ထိုနတ်ဆိုးစွမ်းအင်များနှင့် ထိန်းချုပ်ခံထားရသကဲ့သို့ ထင်မှတ်ရပေ၏။

သူ၏ ခပ်ချောချော မျက်နှာပေါ်တွင် နက်မှောင်နေသည့် နတ်ဆိုးအရောင်အဝါများ ထင်ဟပ်နေသည်။ သူသည် ထိုသို့ ပြောင်းလဲသွားတော့မလို မဟူရာအလင်းများသည် သူ၏ မျက်လုံးများတွင် တောက်ပနေ၏။

သူ့ဝတ်ရုံက လေထဲဝဲလွင့်နေကာ အနက်ရောင်မက်မွန်ပွင့်များက တဖြုတ်ဖြုတ် ကြွေကျနေ၏။ သူ၏ ဆံပင်များကတော့ ငွေဖြူရောင်အဖြစ် ကျန်ရစ်ပေသည်။

သူ၏ ထိုချောမောလှသော မျက်နှာသည် နတ်ဆိုးတစ်ကောင်ကဲ့သို့ အရိုင်းဆန်သော တင့်တယ်မှုများနှင့် တောက်ပနေကာ သူသည် သူမဟုတ်တော့သကဲ့သို့ ထင်မှတ်ရသည်။ တောင်ပေါ်မှ မရေမတွက်နိုင်သော မျက်လုံးအစုံတို့သည် ရီဖူရှင်းထံတွင် မြဲမြံစွာ တည်ရှိနေကြသည်။ လူတိုင်းသည် တစ်စုံတစ်ရာကို ခံစားနေကြရပုံပေါ်သည်။

"အဲဒါက မှော်ကု့ချင်းရဲ့ အသိကို သူ့ကိုယ်ပိုင်အဖြစ် ခံစားနေတာလား။ သူက နတ်ဆိုးစွမ်းအင်တွေက သူ့ကို ဝါးမျိုသွားမှ မကြောက်ဘူးလား" သူ၏ ပြောင်းလဲမှုကို မြင်ပြီး အင်ပါယာတုန်းနန်းတော်မှ သွမ့်ဝူကျီက ခပ်တိုးတိုး မေးသည်။

သူက တစ်ချက် ရယ်လိုက်ပြီး အင်ပါယာခွာ၏ အပျက်အစီးနယ်မြေအတွင်းတွင် ရီဖူရှင်းက အဘယ်ကြောင့် အမွေအနှစ်ကို ရရှိနိုင်ခဲ့သည်ကို နားလည်သလိုလို ရှိလာသည်။

ရီဖူရှင်းကား မည်သူမှ မလုပ်ရဲသည့်အလုပ်ကို လုပ်ရဲသူဖြစ်ပေ၏။ သူ၏ရဲရင့်မှုက တခြားလူများနှင့်မတူ။

ကြောက်မက်ဖွယ် နတ်ဆိုးအသိစွမ်းအားများက မှော်ကု့ချင်းအတွင်း ပြည့်ဝနေပြီး အခြားသူ၏ အသိများဆီသို့ ကျူးကျော်ဝင်ရောက်ကာ တိုက်ခိုက်နိုင်စွမ်း ရှိပေသည်။ အလွန်အစွမ်းထက်သည့် ရှန့်ထိုပင်လျှင် သူတို့၏ အသိများကို သက်ရောက်ထိန်းချုပ်ခံရခြင်းမှ ရှောင်လွှဲနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူတို့၏ နဂိုဗီဇအရ မှော်ကု့ချင်းနှင့် ရင်ဆိုင်သည့်အခါတွင် ပြန်လည်တိုက်ခိုက်ကာ သူတို့ပေါ် လွှမ်းမိုးရန် ကြိုးစားနေသည့် နတ်ဆိုးအသိများကို ဖယ်ရှားရန် ကြိုးစားကြ၏။

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Onde histórias criam vida. Descubra agora