စာစဉ် (၁၅၆)

1.6K 38 2
                                    

အပိုင်း(၂၂၁၀)ကြယ်တာရာကျင့်ကြံခြင်းနန်းတော်

လူအုပ်ကြီးသည် စီဝေ့နန်းတော်သခင်၏နောက်မှ လိုက်ပါသွားကြကာ ရှေးဟောင်းဘုံကျောင်းသို့ ဦးတည်လိုက်ကြ၏။

အင်အားစုအသီးသီးမှ ထိပ်သီးပုဂ္ဂိုလ်များသည် မူလနေရာများတွင် စောင့်ဆိုင်းနေကာ ထိုလူများ နတ်ဘုရားဘုံကျောင်းသို့ လှမ်းသွားသည်ကို ကြည့်နေကြ၏။ ကျင့်ကြံသူအများအပြား ဘုံကျောင်းထဲသို့ ဝင်သွားကြသည်။ ထိုလူများထဲတွင် ကောင်းကင်ဒေသမှသာမဟုတ်ဘဲ တခြားဒေသများမှ လူများလည်း ပါဝင်သည်။ ကံကောင်းမှုကို ရှာဖွေခြင်းလုပ်ငန်းစဉ်မှာ ရိုးရှင်းသောကိစ္စတစ်ရပ် မဟုတ်ပေ။

စီဝေ့နတ်နန်းတော်သခင်ကလည်း သူတို့အား တားဆီးလိုခဲ့၏။ သူက သေချာပေါက် ကိုယ်ပိုင်စည်းတစ်ခုကို ဖန်တီးလိုသည်။ နယ်မြေကို နှစ်ပေါင်းများစွာ အုပ်ချုပ်လာပြီးမှ စီဝေ့နန်းတော်က စီဝေ့မဟာအင်ပါယာ၏အမွေအနှစ်များအား အပြင်လူများ ရရှိသွားမည်ကို မလိုလားပေ။

စီဝေ့နန်းတော်သည် အပြင်ပန်းတွင် မာန်တင်းထားသော်လည်း အတွင်း၌ကား အလွန်သတိထားနေရသည်။ သူတို့က အင်အားစုအများအပြားနှင့် ရင်ဆိုင်နေရသည် မဟုတ်ပါလား။

သို့သော်လည်း ပြင်ပတန်ခိုးရှင်များကို စူးစမ်းရှာဖွေစေခြင်းကလည်း အဆင်ပြေပေသည်။

ရှေးဟောင်းဘုံကျောင်းရှေ့တွင် နတ်အလင်းများသည် ကျက်သရေမင်္ဂလာရှိစွာ ထွန်းလင်းနေသည်။ နန်းတော်သခင်၏နောက်မှ လိုက်ပါလာကြသော တန်ခိုးရှင်များ၏အမူအရာများမှာ အလွန်လေးနက်တည်ကြည်နေကြသည်။

နတ်နန်းတော်အတွင်းတွင် လူအများ၏ရှေ့၌ ကြယ်တာရာလောကတစ်ခု ပေါ်လာသည်။ ၎င်းတို့သည် ကွဲပြားခြားနားသော နေရာများသို့ ဆင့်ခေါ်နိုင်သော တံခါးပေါက်များအလား ထင်မှတ်ရ၏။

"ခင်ဗျားတို့အားလုံး ဝင်နိုင်ပြီ" စီဝေ့နန်းတော်သခင်က ရှေ့ကို လက်ညိုးထိုးပြကာ ပြောသည် "ဒီတံခါးတွေကို ဖြတ်ပြီးရင် ခင်ဗျားတို့က အရှင်စီဝေ့ချန်ထားခဲ့တဲ့ ရှေးဟောင်းအမွေအနှစ် ကျင့်ကြံခြင်းနယ်မြေသို့ ရောက်သွားလိမ့်မယ်။ အဲဒီနေရာက စီဝေ့နန်းတော်ရဲ့ တားမြစ်နယ်မြေဖြစ်သလို မြင့်မြတ်တဲ့နယ်မြေလည်း ဖြစ်တယ်။ အဲဒီမှာ ချိပ်စည်းတွေကို စောင့်ကြပ်တဲ့ လူတွေရှိလိမ့်မယ်။ ခင်ဗျားတို့ အထဲကို ဝင်သွားတဲ့အခါ သူတို့က ခင်ဗျားတို့ကို ချိပ်စည်းဖွင့်ဖို့ ကူညီပေးလိမ့်မယ်"

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Donde viven las historias. Descúbrelo ahora