အပိုင်း (၁၇၆၂)ကောင်းကင်အာဏာစက်ကျောင်းတော်မှ တိုက်ပွဲ
ရီဖူရှင်းသည် ဘုံကိုးဘုံမှ အင်အားမည်မျှရောက်ရှိလာသည်ကို အတိအကျမသိရသေးပေ။ သို့သော် ကောင်းကင်အာဏာစက်မြို့တော်တွင်ပင် တစ်ချိန်လုံးလှုပ်ရှားနေကြသောထိပ်တန်းတပ်ဖွဲ့များရှိနှင့်နေပြီဟု သူသိသည်။
ယခင်က ကောင်းကင်အာဏာစက်ကျောင်းတော်ကို လာရောက်ခဲ့ဖူးသော တပ်ဖွဲ့များကလွဲ၍ တေးသံသာနန်းမြို့တော်က သူ့အား သူတို့၏နေရာသို့ လာရောက်ရန်ဖိတ်ခေါ်သည့် ပထမဆုံးသောတပ်ဖွဲ့ဖြစ်သည်။
ရီဖူရှင်းသည် စကားတစ်ခွန်းမှမပြောပဲတိတ်ဆိတ်စွာထိုင်နေပြီး အခြားသူတွေဆက်စကားပြောလာမည်ကိုစောင့်နေသည်။
တေးသံသာနန်းမြို့တော်၏အကြီးအကဲက ဆက်ပြောလိုက်သည်။ "ကောင်းကင်ဒေသမှ ပြန်လာပြီးတဲ့နောက် လေဟာနယ်ဘုံမှာ ဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်တွေကို အနည်းငယ်နားလည်လာတယ်။ လောလောဆယ် ကောင်းကင်အာဏာစက်မြို့တော်က အခက်အခဲတချို့ ရင်ဆိုင်နေရတယ်ဆိုတာကိုလည်း ကျုပ်ကြားထားတယ်"
"ကျွန်တော်တို့ကောင်းကောင်းလုပ်နေပါတယ်" ရီဖူရှင်းကပြန်ဖြေလိုက်သည်။ "စီနီယာ စိုးရိမ်ပူပန်ပေးတာ ကျေးဇူးတင်ပါတယ်"
"နတ်တစ္ဆေအဖွဲ့ဆိုတာ မိစ္ဆာနက်အဖွဲ့ပိုင်ဆိုင်တဲ့ အင်အားစုတစ်ခုပဲ" အကြီးအကဲကဆက်ပြောလိုက်သည်။ " မရဏပလ္လင်ရဲ့ အရှင်သခင်ကတောင် ကိုယ်တိုင်ရောက်လာတာ။သူ့ကို မေ့ထန်ကချုပ်ကိုင်ထားခဲ့ပေမယ့် မေ့ထန်က အဲ့အချိန်တုန်းက နိုင်တယ်ဆိုရုံလေးပဲ။ နောက်တစ်ခါဆိုရင် ကောင်းကင်အာဏာစက်ကျောင်းတော်က ပိုပြီးအခက်တွေ့လာနိုင်တယ်။ မင်းက နယ်ခံအင်အားစုတွေနဲ့ပူးပေါင်းရင်တောင် သူတို့ကိုဆန့်ကျင်ပြီးရပ်တည်နိုင်ဖို့က ခက်ခဲလိမ့်မယ်။ ငါသိသလောက်တော့ ကောင်းကင်အာဏာစက်ကျောင်းတော်က လေဟာနယ်ဘုံမှာ ရန်သူတွေအများကြီးရှိနေတယ်။အထက်ဘုံမှာဆိုရင် ရှန်ကလန်က ထိပ်သီးအင်အားစုတစ်ခုပဲ..."
"စီနီယာက သတင်းတွေသေချာရထားတဲ့ပုံရတယ်" ရီဖူရှင်းက ပြုံးပြီးပြောလိုက်သည်။တစ်ဖက်လူများက ဤကိစ္စကိုအသေအချာစုံစမ်းပြီးဖြစ်သည်။