အပိုင်း ၆၈၁ မှ ၆၉၀ အထိ

1.1K 49 12
                                    

အပိုင်း (၆၈၁)ပြည်နယ်ကိုးခု၏ရှီနှင့်ရှန့်ထိုများ

တိမ်ဖြူမြို့မှ ဖြစ်ပျက်ခဲ့သည်များက မြေရိုင်းပြည်နယ်ကို ကြီးစွာ လှုပ်ခတ်သွားစေသည်။ ထိုက်ဟန်​တောင်မှ ယန်ဟောင်က အမှန်ပင် တိမ်ဖြူမြို့အထိ ရောက်သွားခဲ့၏။ အကယ်၍ တိမ်ဖြူမြို့စားသာ ဝင်မပါခဲ့လျှင် သူက ကွန်ဆွန်ကလန်ကို သေချာပေါက် သတ်ဖြတ်ခဲ့မည် ဖြစ်သည်။

ထို့အပြင် ယန်ဟောင်က မြို့စားပိုင်ဂူနှင့်လည်း တိုက်ခိုက်ခဲ့၏။ နှစ်ဖက်လုံးက တစ်ကွက်မျှသာ အသုံးပြုခဲ့ကြသော်လည်း မြေရိုင်းပြည်နယ်တွင် ဤသို့သော ပုဂ္ဂိုလ်ကြီး အချင်းချင်း တိုက်ခိုက်ခြင်း မရှိခဲ့သည်မှာ အလွန်အမင်း ကြာမြင်ခဲ့ပြီ ဖြစ်သည်။ ထို့အပြင် တိမ်ဖြူမြို့ကို ယူစီ ရောက်လာခြင်းကလည်း လူအများအပြားကို အံ့အားသင့်စေသည်။ ကြည့်ရသည်မှာ ကွန်ဆွန်ကလန်၏ ကောင်းမွန်သော နေ့ရက်များက အဆုံးသတ် သွားပေပြီ။

ထိုသို့သော အဖြစ်အပျက်များကို သိနားလည်ခြင်း မရှိဘဲ​ ရီဖူရှင်းအား ထိုက်ဟန်တောင်ပေါ်တွင် တိတ်ဆိတ်စွာ ဒဏ်ရာများကို ကုသကာ လေ့ကျင့်နေပြီ ဖြစ်သည်။ ယန်ဟောင်က လူဝံများကို ခေါ်ဆောင်ကာ ထိုက်ဟန်တောင်မှ ဆင်းသွားကတည်းက တစ်ခုခု ဖြစ်တော့မည် ကိုတော့ ရီဖူရှင်းက ရိပ်မိပေသည်။

မျက်လုံး တစ်မှိတ်အတွင်း၌ပင် အချိန်များ ကုန်ဆုံးသွားကာ ကောင်းကင်ပြက္ခဒိန်၏ ၁၀၀၀၉ခုနှစ်၏ နှစ်ကုန်ခါနီး အချိန်အခါကို ရောက်လာပြီဖြစ်သည်။ ကောင်းကင်တွင် နေမင်းက အလျှံငြီးငြီး တောက်လောင်နေသည်။

ရီဖူရှင်းက တောင်စွန်းတွင် ရပ်ကာ လေ့ကျင့်နေသည်။ သူ၏အသက် ရှူရှိုက်ခြင်းများက အတွင်းအင်္ဂါများအား အသက်ဓာတ်များဖြင့် ပြည့်နှက်စေ၏။ သူ၏သိုင်းပညာ စွမ်းအင်က ဒုတိယတန်းစား နိုဘယ်အဖြစ်သို့ ရောက်လာကာ ခိုင်မြဲနေပြီ ဖြစ်သည်။ သူကား ပထမတန်းစား နိုဘယ်ဖြစ်ရန် ခြေတစ်လှမ်းမျှသာ လိုတော့၏။ သူတစ်ယောက်တည်းသာ မဟုတ်ပေ၊ သူ့အသိ မိတ်ဆွေများနှင့် သူငယ်ချင်းများ အားလုံးကလည်း သူတို့၏ ကိုယ်စီပညာရပ်များတွင် မြန်ဆန်စွာ တိုးတက်နေကြသည်။ သူတို့၏တန်ခိုးအဆင့်က နိုဘယ်အတန်းအစား အမြင့်ပိုင်းသို့ အနည်းနှင့်အများ ရောက်နေကြပြီ ဖြစ်သည်။

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Donde viven las historias. Descúbrelo ahora