အပိုင်း (၁၇၃၄)သီးသန့်နယ်မြေဖိနှိပ်ခံရခြင်း
ရီဖူရှင်းက ရွှယ်ယူခေါင်းဆောင်အား သံသယအပြည့်ဖြင့်ကြည့်လိုက်သည်။ သူသည် မနေနိုင်တော့ဘဲ မေးလိုက်မိလေသည်။ "မိန်းမငယ်လေးတစ်ယောက်အတွက် ဘာလို့ ဒီလောက်လူတွေအများကြီးခေါ်လာရတာလဲ"
ရွှယ်ယူခေါင်းဆောင်၊သွေးမိစ္ဆာအင်ပါယာ၊ ကောင်းကင်ဓားအင်ပါယာနှင့် အခြားလူများစွာက ဤကိစ္စတွင်ပါဝင်နေလေရာ တစ်ခုခုတော့အကြောင်းရှိရပေမည်။
"စိတ်မပူပါနဲ့ အင်ပါယာရီ။ ကျုပ်တို့က သူမကိုထိခိုက်အောင်မလုပ်ပါဘူး" ရွှယ်ယူခေါင်းဆောင်က ပြောလိုက်သည်။
"ဒါက ငရဲဂိတ်တံခါးနဲ့ ဘယ်လိုပတ်သတ်နေလို့လဲ" ရီဖူရှင်းက မေးလိုက်သည်။
ရွှယ်ယူခေါင်းဆောင်၏အမူအရာက ပြောင်းလဲသွားခြင်းမရှိပေ။ ယင်ဓာတ်စွမ်းအားက သူ့ထံမှထွက်ပေါ်လာသည်။
ဝှစ်...။
ထိုအခိုက်တွင် ကြောက်မက်ဖွယ် အရှိန်အဝါကပေါ်ထွက်လာသည်။ကောင်းကင်ဓားအင်ပါယာက သူ၏ဓားကိုဝှေ့ယမ်းလိုက်ပြီး မဟာလမ်းစဥ်အား ဖြတ်ပိုင်းလိုက်သည်။ ဖျက်စီးစွမ်းအားပြင်းထန်လှသော ဓားအလင်းရောင်က လေထဲမှဖြတ်သန်းသွားပြီး ကောင်းကင်အာဏာစက်ကျောင်းတော်မှလူများထံသို့ တိုးဝင်သွားသည်။ သူသည် သနားကြင်နာမှုအနည်းငယ်မျှပင်ရှိဟန်မပေါ်ဘဲ တိုက်ခိုက်လိုက်သည်။
သူတို့က လှုပ်ရှားရန်ရွေးချယ်လိုက်ကြသည်။ သူတို့သည် ပြန်လှည့်ရန်လမ်းမရှိတော့သလို ပြန်လှည့်ဖို့ရန်လမ်းလည်း ချန်ထားခဲ့မည်မဟုတ်ပေ။
ခွန်ပန်မိစ္ဆာအင်ပါယာက အတောင်ပံများကိုခတ်လိုက်သောအခါ အားပြင်းလှသောမုန်တိုင်းကြီးတိုက်ခတ်လာပြီး ကောင်းကင်ယံအားဖုံးအုပ်သွားသည်။ သူသည် အတောင်ပံများကိုဖြန့်ကား၍ ကျဆင်းလာသော အလင်းရောင်များကို တားဆီးလိုက်သည်။
ရီဖူရှင်းက ထိုနေရာတွင် မလှုပ်ရှားဘဲရပ်နေပြီး ရွှယ်ယူခေါင်းဆောင်ကိုသာ စိုက်ကြည့်နေလေသည်။
ငရဲဂိတ်တံခါး၏သတင်းက ရွှယ်ယူမြို့၌ ထွက်ပေါ်လယလေသည်။ ထိုနေရာမှာ မြစ်ဝါမြစ်တွင်ဖြစ်မည့်ပုံရသည်။