အပိုင်း ၈၉၁ မှ ၉၀၀ အထိ

1.3K 42 2
                                    

အပိုင်း(၈၉၁)နန်းတော်၏ဒုတိယရှန့်ထို

မြေရိုင်းပြည်နယ်၊ တော်ဝင်ကျဲနန်းတော် ကောင်းကင်ထက်၌ လူတစ်စု ပေါ်လာသည်။

ထိုအခိုက်တွင် နန်းတော်မှ လူများစွာကလည်း ရောက်လာသူများအား ကြိုဆိုကြသည်။

သိသာစွာပင် နန်းတော်က သတင်းများ ကြိုတင် ရထားသည်။ ရီဖူရှင်းတို့အဖွဲ့က နွေဦးပြည်နယ်မှ ပြန်ရောက်လာကြပြီ ဖြစ်သည်။

ရေခဲနန်းတော်၊ ဟောင်မိသားစု၊ အာခီမီမြို့၊ ကျူးကော့မိသားစုနှင့် တခြား ထိပ်သီး အင်အားစုများမှာ တော်ဝင်ကျဲနန်းတော်သို့ ရွှေ့ပြောင်းခဲ့ကြပြီ ဖြစ်ရာ သူတို့၏ အရေအတွက်မှာ ယခင်လို မဟုတ်တော့ပေ။

ထို့ကြောင့် ကောင်းကင်ထက်ကို မော့ကြည့်ကာ ထိုတန်ခိုးရှင်များက နန်းတော်ကို ပြန်ရောက်လာသော သူရဲကောင်းများအား လာရောက် ကြိုဆိုကြသည်။

ရီဖူရှင်းနှင့် သူ့အဖွဲ့က အနိုင်ရခဲ့သော်လည်း ကျောက်ပြည်ထောင် မပျက်စီးသရွေ့ သူတို့အားလုံး စိတ်အေးမည် မဟုတ်ပေ။

သို့သော်လည်း မြေရိုင်းပြည်နယ်ကား နောက်ဆုံးတွင် ရှန့်ထိုတစ်ပါး မွေးထုတ်ခဲ့ပြီ ဖြစ်သည်။ နှစ်ပေါင်း များစွာကြအောင် တော်ဝင်ကျဲ နန်းတော်နှင့် မြေရိုင်းပြည်နယ် တစ်ခုလုံးက ရှန့်ထိုတစ်ပါး မွေးဖွားလာရန် မျှော်လင့်ခဲ့ကြသည်။

တိုက်ခိုက်ရေး ရှီနန်းဆောင်သခင် ထောင်ကျန်းကား ယခု ရှန့်ထိုအဆင့်သို့ တက်လှမ်းခဲ့ပြီ ဖြစ်သည်။

မြေရိုင်းပြည်နယ်က သူတို့၏ပထမဆုံး ရှန့်ထိုတစ်ပါးကို မွေးဖွားခဲ့ရာ ယခုတွင် ရှန့်ထိုနှစ်ပါး ပိုင်ဆိုင်ပြီဖြစ်သည်။

"နန်းတော်သခင်ကို ကြိုဆိုပါတယ်..." ပြိုင်တူ နှုတ်ဆက်သံကို ကြားရကာ တန်ခိုးရှင်များ အားလုံးက ဦးညွှတ်ကြသည်။ ယခု တော်ဝင်ကျဲနန်းတော် တစ်ခုလုံးမှ တန်ခိုးရှင်များ အားလုံးမှာ ရီဖူရှင်းကို စိတ်နှလုံးထဲမှပင် လှိုက်လှိုက်လှဲလှဲ လေးစားနေကြပြီ ဖြစ်သည်။

နိုဘယ်အဆင့်မျှဖြင့် နန်းတော်သခင် ဖြစ်လာသော လူငယ်လေးကား မြေရိုင်းပြည်နယ်သို့ ပထမဆုံး ရှန့်ထိုတစ်ပါးကို ခေါ်ဆောင်လာခဲ့သလို ယခု ထောင်ကျန်းအား ရှန့်ထိုအဆင့်သို့ တက်လှမ်းရန်လည်း အောင်မြင်စွာ အားထုတ် နိုင်ခဲ့သည်။

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Where stories live. Discover now