အပိုင်း ၃၉၁ မှ ၄၀၀ အထိ

1.7K 59 8
                                    

အပိုင်း(၃၉၁) တားမြစ်မိန့် ပျက်ပြယ်ခြင်း

ဓားသခင်၏ စကားများအရ သူတို့သုံးယောက်က ဆရာဒူ၏ တပည့်ဖြစ်လာခြင်းက အမှန်တကယ် ရိုးရှင်းလှသည်။ သို့သော်လည်း ထိုရိုးရှင်းမှု၏ နောက်ကွယ်တွင် ဖုံးကွယ်ထားသော အရာများစွာ ရှိပေသည်။

ဓားသခင်က ရီဖူရှင်းအား မပြောခဲ့သည်များမှာ ထိုစဉ်က ကျောက်တုံးပေါ်တွင် တစ်စုံတစ်ခု ထွင်းထုရန် အတွက် သူက သုံးလခန့် မအိပ်ခဲ့ပေ။ သူ၏ ဓားကိုင်လက်က သွေးများ အဆက်မပြတ် ထွက်နေသည်။ သူက မရေမတွက်နိုင်အောင် လဲကျခဲ့သော်လည်း သူ ပြန်ထနိုင်ခဲ့သည်။ နောက်ဆုံးတွင် သူ အောင်မြင်ခဲ့သော်လည်း နှင်ထုတ်ခံခဲ့ရသည်။ ထို့နောက် သူက သတိမေ့သွားခဲ့သည်။ ထိုစဉ်က ဆရာဒူက သူ့အား ဘေးမှ သုံးလတိတိ စောင့်ကြည့်နေခဲ့သည်။ ဓားသခင်က အစာရေစာငတ်ကာ သတိမေ့သွားပြီး နိုးလာသောအခါ ဆရာဒူက သူ့အား သစ်သီး အနည်းငယ် ကျွေးခဲ့သည်။ ထိုအချိန်မှ အဖြစ်အပျက်က မူလကတည်းက သူ့အား ကော့တေး၏ ဓားသခင် ဖြစ်လာခဲ့ခြင်း အကြောင်းတရား ဖြစ်ပေသည်။

ဓားသခင်က ရီဖူရှင်းအား မပြောခဲ့သည့် အထဲတွင် ကျူးကော့ဟွေအား လိုက်ရှာ နေကြသူများမှာ အလွန့်အလွန် အားကောင်းကြသည် ဟူ၏။ သို့သော်လည်း ဆရာဒူက သူမအား ခေါ်ထုတ် လာနိုင်သည်သာ ဖြစ်သည်။ တူညီစွာပင် သူ မပြောခဲ့သည်များထဲတွင် ဂူတုံးလျိုနှင့် ကျူးကော့ဟွေတို့ ပထမဆုံး တွေ့ဆုံခဲ့ကြသည့် အချိန်တွင် တစ်ခါက မိန်းမပျိုလေး ကျူးကော့ဟွေက သူမ၏ ခန္ဓာကိုယ်အား ထိခိုက်စေသော လျှပ်စီးဓာတ် စွမ်းအင်နည်းစနစ် တစ်ခုအား လေ့ကျင့်နေသည်ကို ဂူတုံးလျိုက မြင်ခဲ့ရာ သူက ဆရာဒူအား သူ၏တပည့်အား အဘယ်ကြောင့် ထိုသို့သော နည်းလမ်းဖြင့် သင်ကြားသနည်း မေးခဲ့ပြီး ဆရာဒူ၏ သင်ကြားခြင်း နည်းစနစ်ကို ဝေဖန်ခဲ့သည်။ ထို့နောက် ဂူတုံးလျိုက သူ၏ပါရမီအား ပြသကာ ကျူးကော့ဟွေအား စိန်ခေါ်ခဲ့ရာ သူမအား ဆုံးရွားစွာ ရှုံးနိမ့်ခဲ့သည်။

သူက လက်မခံသေးဘဲ ကျူးကော့ဟွေအား ထိုနည်းစနစ်အား စွန့်လွှတ်ရန် ပြောခဲ့သည်။ ကျူးကော့ဟွေက ပြုံးကာ ဒါဆို ဂူတုံးလျိုက သူမအား ကာကွယ်နိုင်လား မေးခဲ့ရာ ဒဏ်ရာ ပြင်းထန်စွာ ရထားသော ဂူတုံးလျိုက သဘောတူခဲ့သည်။ ထို့ကြောင့်ပင် ထိုနေ့မှစ၍ ဂူတုံးလျိုက ကျူးကော့ဟွေ၏ နောက်ကို လိုက်ခဲ့သည်။ ကံမကောင်းစွာပင် ယနေ့အထိ ဂူတုံးလျိုက ကျူးကော့ဟွေအား အနိုင်မရသေးပေ။

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Tempat cerita menjadi hidup. Temukan sekarang