အပိုင်း ၄၀၁ မှ ၄၁၀ အထိ

1.3K 60 1
                                    

အပိုင်း(၄၀၁)ရုပ်ဖျက်ထားသောလူ

ရီဖူရှင်းတို့ အုပ်စုအား ကြည့်နေသော ရှမ်းချိန်၏ လှပသော မျက်လုံးများက အေးစက်ကာ မောက်မာလွန်းလှသည်။ ကျောက်စိမ်းဖြူ မျှော်စင်တွင် နေထိုင်သော သူများ အားလုံးက ပြိုင်ပွဲတွင် ပါဝင်ရန် စာရင်း ပေးထားကြသော်လည်း သူတို့တစ်ဖွဲ့သာ ပြိုင်ပွဲတွင် ပါဝင်ရန် စာရင်း မပေးကြပေ။ ဤသို့ဆိုလျှင် သူတို့က အဘယ်ကြောင့် ဤနေရာတွင် နေရသနည်း...။

ယွန်ယွဲ့မြို့တွင် ရှိသော လူတိုင်းက ကျောက်စိမ်းဖြူ မျှော်စင်တွင် နေထိုင်ခြင်းက ပြိုင်ပွဲအတွက် ပါဝင်ရန် ဖြစ်သည်ဟု ဆိုလိုသည်ကို သိကြသည်။ အကယ်၍ ရီဖူရှင်းတို့ အုပ်စုက အကူအညီ မရဘဲ ကျောက်စိမ်းဖြူ မျှော်စင်တွင် နေထိုင်ပါက သူတို့က တခြား အင်အားစုများ၏ သူလျှိုများလား...။

မှန်သည်... သူတို့က သူလျှိုများ မဟုတ်လျှင်လည်း ကိစ္စမရှိပေ။ မှော်ဆရာဝူနှင့် မိစ္ဆာဓားတို့အား သူတို့ ရထားသည်။ ကျောက်စိမ်းဖြူ မျှော်စင်ကား လူပြည့်နေပြီ...။ သူတို့က လူတချို့အား နှင်ထုတ်ရန် လိုအပ်ပေသည်။

လူအများအား ပြဿနာ ရှာမိမည်ကိုမူကား ယွန်ယွဲ့ ကုန်သည် အုပ်စုက ဂရုမစိုက်ပေ။ သူတို့က မှော်ဆရာဝူနှင့် ဓားမိစ္ဆာတို့အား စိတ်ကျေနပ်အောင် လုပ်ရန်သာ လိုအပ်ပေသည်။ သူတို့က ရီဖူရှင်းတို့ အုပ်စုနှင့် အချိန်ဖြုန်းနေ၍ မရပေ။ အကယ်၍ သူတို့က ကောင်းကောင်းမွန်မွန် နှင်ထုတ်၍ မရလျှင် အတင်းနှင်ထုတ် ရပေမည်။

သဘာဝစွမ်းအင် ကျောက်တုံးများ မြေပြင်ပေါ်တွင် တောက်ပ လင်းလက်စွာ ပြန့်ကျဲနေကြသည်။

ယန်ထန်းနှင့် ယန်ရီတို့၏ မျက်နှာများက ပြာနှမ်း နေကြသည်။ ခေါင်းငုံ့ကာ ယန်ထန်းက လက်သီး တင်းတင်းဆုပ်၍ ရှမ်းချိန်အား ပြောသည်... "မိန်းကလေးရှမ်း... ကျုပ်မိတ်ဆွေက ပြိုင်ပွဲမှာပါဖို့ ဆုံးဖြတ်ပြီးပြီ..." ယွန်ယွဲ့ကုန်သည် အုပ်စုနှင့် ရင်ဆိုင်ရရာတွင် သူတို့က ဘာမှ ပြန်ပြောနိုင်စွမ်း မရှိပေ။

ရှမ်းချိန်က ယန်ထန်းအား ကြည့်ကာ ပြုံးသည်။ ယန်ထန်းက သည်ရက်ပိုင်းတွင် သူတို့အနီး၌ ရိုကျိုးသည့် အမူအရာဖြင့် ရှိနေခဲ့သည်။ ယန်ထန်း ဘာလိုသည်ကို သူမကလည်း သိသည်။ ထိုနည်းလမ်းဖြင့် ချဉ်းကပ် သူများက ပုံမှန်အားဖြင့် အရည်အချင်း ရှိသူများ မဟုတ်ကြပေ။ ထို့ကြောင့်လည်း သူမက ရီဖူရှင်းတို့ အုပ်စုကိုပါ အထင်မကြီးခြင်း ဖြစ်သည်။ အမှန်တကယ် မာနရှိသူများက ယန်ထန်းကဲ့သို့ ပြုမူမည် မဟုတ်ပေ။ တူညီသော စရိုက်သဘာဝ ရှိသူများကသာ အုပ်စုဖွဲ့တတ် ကြသည်။ ရီဖူရှင်းတို့က ယန်ထန်းနှင့် အတူတူ ရှိနေပါက သူတို့ကလည်း ယန်ထန်း ကဲ့သို့သာ ဖြစ်ရပေမည်။

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Onde histórias criam vida. Descubra agora