စာစဉ် (၁၃၆)

1K 36 0
                                    

အပိုင်း (၁၉၃၀)အဆုံးသတ်

နောက်ပိုင်းတွင် တခြားသော တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားသည်။ သို့သော်လည်း ယခင်အကြိမ်များကဲ့သို့ လူအများတို့သည် လျှို့ဝှက်ကာ စွမ်းအားကြီးသော တန်ခိုးရှင်အား ရှောင်ဖယ်ကြရ၏။

ရီဖူရှင်းကား သန်မာလွန်းလှသည်။ စစ်တုရင်ရုပ် ၃၆ ရုပ်ထဲတွင် လျှို့ဝှက်ထူးဆန်းသော တန်ခိုးရှင်သည် သူ၏တိုက်ပွဲများ၌ ရုပ်တုတစ်ခု ဆုံးရှုံးခဲ့သည်။

သို့သော်လည်း ရီဖူရှင်းကား ရုပ်တု ၃၆ခုအား ထိန်းသိမ်းထားနိုင်သည်။ သူတို့သာ ရီဖူရှင်းနှင့် ရင်ဆိုင်ရပါက သေချာပေါက် ရှုံးနိမ့်ပေမည်။ ထို့ကြောင့် သူတို့သည် မတတ်သာဘဲ စောင့်ဆိုင်းနေကြရ၏။ ဤနည်းဖြင့် သူတို့၏အခွင့်အရေးက ပိုမို များပြားနိုင်သည်။

မှန်သည်၊ တချို့သော သန်မာသော တန်ခိုးရှင်များသည် စောင့်ဆိုင်းခြင်းမရှိဘဲ စစ်တုရင်ခုံပေါ်သို့ တက်လှမ်းသွားကြ၏။

ရီဖူရှင်းသည် စစ်မြေပြင်၌ ဖြစ်ပျက်နေသည်များကို အာရုံမစိုက်ပေ။ လျှို့ဝှက်ထူးဆန်းသော တန်ခိုးရှင် ပေါ်လာခြင်းက ရှားပါးဖြစ်စဉ် ဖြစ်ရာ သူ၏တည်ရှိမှုကို ခြိမ်းခြောက်နိုင်သော နောက်တစ်ယောက် ပေါ်လာရန်မှာ မဖြစ်နိုင်ပေ။

အချိန်တချို့ကြာပြီးနောက်တွင် နိုင်ပွဲကိုးခုလုံးမှာ ဆုံးဖြတ်ပြီးသွား၏။

စစ်တုရင်ခုံပေါ်မှ တန်ခိုးရှင်ကိုးဦးလုံးက အချင်းချင်းကြည့်လိုက်ကြသည်။ ထို့နောက် သူတို့က ရီဖူရှင်းအား လှမ်းကြည့်ကြ၏။

ရီဖူရှင်းသည် လာမည့်တိုက်ပွဲများတွင် အဓိက ဇတ်ဆောင်ဖြစ်လာမည်မှာ သေချာ၏။

"တိုက်ပွဲဝင်မည့်လူတွေ စစ်တုရင်ခုံပေါ်သို့ တက်ကြပါ" အရှေ့နတ်ဘုရားကျွန်းစုနတ်ဘုရားက ကြေညာသည်။ ဤတွင် တန်ခိုးရှင်ကိုးဦးက စစ်တုရင်ခုံပေါ်သို့ တက်ကြ၏။ သူတို့က စစ်တုရင်ခုံပေါ်သို့ တက်ပြီးသည်နှင် စစ်တုရင်ရုပ်တုများ သူတို့ကို ဝန်းရံလိုက်၏။ မျက်လုံးအစုံရှစ်ခုက လူတစ်ယောက်တည်းထံသို့ ရောက်နေသည်။

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Tahanan ng mga kuwento. Tumuklas ngayon