စာစဉ် ၇၂

1.9K 68 6
                                    

အပိုင်း (၁၀၄၂)ကောင်းကင် ၃၃လွှာမှ ဆင်းသက်လာခြင်း

နတ်ရထားလုံးသည် အင်ပါယာရှား နန်းတော်သို့ ဝင်လာခဲ့၏။ အင်ပါယာရှားကား နန်းတော်ထဲမှ ငုံ့ကြည့် နေခဲ့သော်လည်း သူ့အား အင်ပါယာလီဘုံမှ လူများ မမြင်မတွေ့နိုင်ပေ။

"ဘာကိစ္စလဲ ..." တစ်စုံ တစ်ယောက်က ဩဇာအာဏာ ကြီးမားသော လေသံဖြင့် မေးမြန်းသည်။

"တာလီပြည်ထောင်ရဲ့ လီယောင်ဟာ လက်ထပ်ရမဲ့ အရွယ်သို့ ရောက်လာခဲ့ပါပြီ။ သူက အင်ပါယာရှားဘုံရဲ့ မင်းသမီး ရှားရှင်းယွန်ဟာ ပြိုင်ဘက်ကင်းတဲ့ ပါရမီနဲ့ ရုပ်ရည်တို့အား ပိုင်ဆိုင်ကြောင်း အရင်ကတည်းက ကြားသိခဲ့ပါတယ်။ ဒါကြောင့် အင်ပါယာလီ ကိုယ်စား မင်းသမီး လီယောင်က အင်ပါယာရှားဆီမှာ သူမအတွက် လက်ထပ်ခွင့် လာတောင်းတာပါ" လီယောင်၏ဘေးမှ စွမ်းအားမြင့် ရှန့်ထိုကလည်း နန်းတော်အတွင်းသို့ ဦးညွှတ်လျက် ပြန်ပြောသည်။

အင်ပါယာရှားက သူ့အား ဘာလုပ်မည်ကို သူစိတ်မပူပေ။ ရန်ဟောင်တစ်ပါးက တစ်ဖက်ဘုံမှ သံတမန်အား တိုက်ခိုက် သတ်ဖြတ်ခြင်း မပြုပေ။

ရှားရှင်းယွန် သည်လည်း သူမ၏ နန်းဆောင်မှ ထိုအသံကို ကြားသည်။ သို့သော်လည်း ရှားရှင်းယွန်၏ အမူအရာကား သူမနှင့် မသက်ဆိုင်သည့်ကိစ္စကို ကြားသိရသည့် အလား ခံစားချက် ကင်းမဲ့နေသည်။

"လီယောင် ... မင်းမလာခင် မင်းက ကိုယ့်ကိုယ်ကိုယ် မှန်ထဲ ကြည့်ဖို မင်းအဖေက မပြောလိုက်ဘူးလား" ကောင်းကင်ထက်မှ ထည်ဝါသော အသံတစ်သံ ဆင်းသက် လာသည်။

လီယောင်က အင်ပါယာရှား၏ ငေါ့တော့တော့ အသံကို ဂရုမစိုက်ပေ။ သူက ဦးညွှတ်ကာ ပြန်ပြောသည်... "သူ မပြောခဲ့ပါဘူး အင်ပါယာရှား"

"ငါ့ရှေ့က ထွက်သွား ... အင်ပါယာရှားကို ပြောလိုက် ... နောက်တစ်ခါ ဒီကိစ္စကို လာပြောရင် သူ့သံတမန်လည်း ငါက ခေါင်းဖြတ်မယ်"

အင်ပါယာရှား၏ အေးစက်သော အသံတွင် ကောင်းကင်၏ အရှိန်အဝါပင် ဆင်းသက် လာခဲ့ဟန်ရသည်။ နဂါး ၁၈ကောင်မှာ တဆတ်ဆတ် တုန်ခါကြသည်။

အင်ပါယာရှား၏ အသံကား လွန်စွာ ရင့်သီးစွာ ထွက်ပေါ်လာသည်။ ဤလက်ထပ်ရန် တောင်းဆိုခြင်းမှာ ရှားရှင်းယွန်အား စော်ကားခြင်းဟုသာ သူယူဆ၏။ သူ၏မျက်လုံးထဲတွင် လီယောင်ကား ရှားရှင်းယွန်နှင့် မတန်ပေ။

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Tahanan ng mga kuwento. Tumuklas ngayon