အပိုင်း ၂၆၁ မှ ၂၇၀ အထိ

1.5K 62 5
                                    

အပိုင်း (၂၆၁) နာမည်ဆိုးတွင်ခြင်း

ထိုအရာကား နှင်တံတစ်ချောင်း ဖြစ်သည်။ နှင်တံက ရောင်စဉ်ငါးခု ဖြာထွက် နေသည်။ ရီဖူရှင်း အတန်ကြာ မှင်တက်သွားသည်။ ကြည့်ရသည်မှာ အစီအရင်အပြင် ယန်ဘိုးဘေး၏ စိတ်အသိအား ထိန်းသိမ်းရန် သိဒ္ဓိဝင် ပစ္စည်း တစ်ခုကိုလည်း အသုံးပြုထားပုံ ရသည်။

ရီဖူရှင်းက သူ၏ စိတ်အသိအား ထုတ်လွှတ်လိုက်ပြီး နှင်တံထဲကို ဝင်ရောက် လိုက်သည်။ ချက်ချင်းပင် သူနှင့်နှင်တံအကြား စိတ်ဝိညာဉ် ဆက်နွှယ်မှုကို ရရှိသွားသည်။ သူ၏ လက်ကို ဆန့်တန်းလိုက်လျှင် နှင်တံက သူ့လက်ထဲကို ရောက်လာသည်။ နှင်တံအား သူ၏ စိတ်အသိဖြင့် ဆက်သွယ်ထားပြီး ဖြစ်ရာ နှင်တံက မိမိအလိုအတိုင်း လိုက်၍ အသုံးပြုမည့် ဓာတ်စွမ်းအင်ကို ပြောင်းလဲ နိုင်ကြောင်းလည်း တွေ့ရသည်။

"ဓာတ်ငါးမျိုး နှင်တံ...." ရီဖူရှင်း၏ မျက်လုံးက လင်းလက်သွားပြီး သူ၏ စိတ်အင်အားကို ထိန်းချုပ်လိုက်သည်။ ချက်ချင်းပင် နှင်တံက အနီရောင် ပြောင်းလဲသွားပြီး မီးလျှံများ ဖြစ်ပေါ်လာသည်။ ထို့နောက် အစိမ်းရောင် ပြောင်းသွားပြီး အလွန် နူးညံ့သွားသည်။ သူက လေထဲ ဝှေ့ယမ်းလျှင် နှင်တံက လေထဲတွင် နွယ်ပင်အလား ရှည်လျားစွာ ဆန့်တန်း သွားသည်ကိုလည်း တွေ့ရသည်။

"အာ...." ရီဖူရှင်းက မျက်လုံး ပြူးသွားသည်။ ဓာတ်ငါးမျိုး နှင်တံက အမှန်ပင် သူ၏ ပုံစံကို ပြောင်းလဲနိုင်သည်။ ထိုအရာက အမှန်ပင် ရတနာ တစ်ခုဖြစ်သည်။ ကြည့်ရသည်မှာ သူက ယန်မိသားစုကို ကျေးဇူး တင်ရမည့်ပုံ ပေါ်နေသည်။

ရီဖူရှင်းက အပြင်ကို ထွက်လိုက်သည်။ ထိုအခိုက်တွင် အပြင်မှ အခြေအနေကား လွန်စွာ တင်းမာနေသည်။ ယန်မိသားစု ခေါင်းဆောင်က မျှော်စင်ထဲကို အတင်း ဝင်ရောက် လိုသော်လည်း ကျူးချိန်က သူ့ရှေ့တွင် ပိတ်ရပ် နေသည်။

ယန်မိသားစုက ချင်ပြည်ထောင်၏ အင်အားခွဲ တစ်ခုဖြစ်သည့်တိုင် အမှန်တကယ် စစ်ဖြစ်ခဲ့လျှင် တကယ်တမ်း အပျက်အစီး များမည်မှာ ယန်မိသားစု ဖြစ်သည်ကို သူသိသည်။ ထို့အပြင် ချင်ပြည်ထောင်က ယန်မိသားစု အတွက် အမှန်တကယ် စစ်ကြေညာ ရဲမည်လော သူ မသေချာပေ။

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Donde viven las historias. Descúbrelo ahora