အပိုင်း ၃၄၁ မှ ၃၅၀ အထိ

1.5K 62 0
                                    

အပိုင်း(၃၄၁) ရှေးဟောင်း မြေရိုင်းဒေသ အောက်ဘုံကို စိုးမိုးခြင်း

အဝေးမှ လူများကပင်လျှင် ရီဖူရှင်း၏ စကားကိုကြားကာ အံ့အားသင့်ရသည်။ သူကား ကောလာဟလက ပြောသလို အမှန်ပင် မောက်မာပေသည်။ သူက အမှန်တကယ်ပင် ယုံကြည်မှု ရှိပေသည်။ ချင်ပြည်ထောင် နယ်မြေတွင် ရပ်နေလျက်ကပင် ...။ ထိုဝိညာဉ်စောင့်ရှောက်သူ ငါးပါးရှေ့တွင် ရပ်နေလျက်ကပင်....။

"သဘာဝ စွမ်းအင် အစီအရင်ကို ဖော်ထုတ်စမ်း...." အသံတစ်သံကို ကြားရသည်။ ထို့နောက်တွင် သူတို့၏ ခန္ဓာကိုယ် အပေါ်ကို ဖိအားပေးလာသော မမြင်ရသော အားလှိုင်းကို ခံစားကြရသည်။ ထိုအရာက ဧရာမ ဆင်ကြီး တစ်ကောင်က သူတို့၏အပေါ်တွင် ထိုင်နေသကဲ့သို့ ဖြစ်သည်။ သူတို့က လှုပ်ရှားရန်သာ ခက်ခဲသည် မဟုတ်ဘဲ သူတို့က ထွင်းဖောက်မတတ် အသိတစ်ခုကိုလည်း ခံစားကြရသည်။ ထိုခံစားချက်နှင့်အတူ သူတို့၏ စိတ်နယ်ပယ်ထဲတွင် နတ်သတ္တဝါဆန်း ငါးကောင် ပေါ်လာသည်။

"ယူချင်း..." ရီဖူရှင်းက အော်လိုက်သည်။ ရှေ့ကို လှမ်းရင်းက နတ်လူဝံ၏ပုံရိပ် ပေါ်လာကာ သူ၏ ကြမ်းတမ်းသော ကိုယ်ရောင် ကိုယ်ဝါကို ထည့်ပေါင်းသည်။

ယူချင်းက သူ့ဘေးကို လျှပ်တစ်ပြက် ရောက်လာကာ သူ၏ ပုဆိန်သွား လှံတံအား တင်းကျပ်စွာ ဆုပ်ကိုင်သည်။ သူတို့နှစ်ယောက်က ရှေ့ကို တိုးသွားလျှင် ခြေလှမ်းတိုင်းက ပထမ ခြေလှမ်းထက် လေးလံသည်။

ဘုန်း... သူတို့က မြေပြင်အား ဆောင့်နင်းလျှင် နှစ်ယောက်လုံး လေထဲကို ထိုးတက်သွားသည်။ သူတို့ရှေ့တွင်ကား ချင်တန်ခိုးရှင်များက ဝင်္ကပါတစ်ခုကို ဖန်တီးထားကြကာ သူတို့အား အေးစက်စွာ ကြည့်နေကြသည်။

တော်ဝင်နဂါး မှော်တိုက်ကွက်က လှုပ်ရှား အသက်ဝင်လာကာ တိုက်ပွဲ စိတ်အင်အားက နဂါးတစ်ကောင်အလား ကခုန်သည်။ ရီဖူရှင်းနှင့် ယူချင်းက သူတို့ထံ ခုန်ဝင်လာသည်ကို မြင်လျှင် သူတို့က ပြိုင်တူ မာန်သွင်းကာ လှံတံများအား သူတို့ဘက်ကို ချိန်ရွယ်လိုက်ကြသည်။ လှတံများနောက်မှ ဧရာမနဂါးကြီး တစ်ကောင် ထွက်ပေါ်လာကာ ကျယ်လောင်စွာ ဟိန်းဟောက်သည်။ သူတို့ တည်ဆောက်ထားသော ဝင်္ကပါက နဂါးပုံရိပ်အား အမှန်တကယ် အားကောင်းစေသည်။ ထိုနဂါးက ရုန့်ရင်းကြမ်းတမ်းစွာ ရီဖူရှင်းနှင့် ယူချင်းထံ တိုးဝင်သွားသည်။

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Hikayelerin yaşadığı yer. Şimdi keşfedin