အပိုင်း ၇၉၁ မှ ၈၀၀ အထိ

1.2K 53 0
                                    

အပိုင်း (၇၉၁)ပြိုင်ဘက်ကင်း ကာယစွမ်းအား

ရီဖူရှင်း၏ စကားကို ကြားသည်တွင် အားလုံးက အံ့အားသင့် ကြရသည်။ သူက အမှန်ပင် ယုံကြည်မှုရှိရှိဖြင့် ပြောခဲ့၏။

ယူချင်းနှင့် ရာရာတို့က နောက်ဆုံးတိုက်ပွဲကို တိုက်ခိုက်ရမည် ဖြစ်ကာ အနိုင်ရသူက ပထမဖြစ်မည်။ ဤသိုဆိုလျှင် သူက တခြားလူများ အားလုံးကို လျစ်လျူရှု လိုက်သည့် သဘော မဟုတ်ပေဘူးလား။

ယူချင်းက အမှန်ပင် အားကောင်းသည် ဆိုသော်လည်း သူက ပြိုင်ပွဲ ပထမဖြစ်ရန် လုံလောက်သော စွမ်းရည် ရှိမည်လား ဟူသော အဖြေက သံသယ ဖြစ်ဖွယ် ကောင်းနေပေ သေးသည်။ ရာရာကလည်း ထို့အတူ ဖြစ်သည်။ ရီဖူရှင်းက သူတို့ နှစ်ယောက်သည်သာ တခြားလူများကို ကျော်လွန်၍ ပြိုင်ပွဲ ပထမဖြစ်မည်ဟု အမှန်တကယ် ခန့်မှန်းခဲ့၏။

"ကြည့်ရတာ နန်းတော် သခင်ရီက ယူချင်းအပေါ် ယုံကြည်ချက်တွေ ပိုပိုပြီး မြင့်တက်လာတဲ့ပုံပဲ..." ရှားကလန်မှ ပုဂ္ဂိုလ်ကြီး တစ်ယောက်က ပြုံးလျက်ပြောသည်။ ရီဖူရှင်း၏ စကားက တခြား ပြည်နယ်မှ လူများအား အမှန်တကယ်အားဖြင့် စိတ်ဆိုးစေသည်တော့ မဟုတ်ပေ။

"ကောင်းပြီ... ဒါဆိုလည်း နောက်ဆုံး အဆင့်တိုက်ပွဲတွေကို စတင် လိုက်ရအောင်..." ထိုအခိုက်တွင် ရှီဟွာတောင် ရှန့်ထိုက ပြုံးလျက် ပြောသည်။

သူက ကြေညာ လိုက်သည်တွင် ပတ်ဝန်းကျင် အခြေအနေက ပြောင်းလဲသွားသည်။ မရေမတွက်နိုင်သော မျက်လုံးများက တိုက်ပွဲ စင်မြင့်ထက်ကို ရောက်လာသည်။

ပြည်နယ်ကိုးခု ညီလာခံ၏ နောက်ဆုံး တိုက်ပွဲကား ရောက်လာပြီ ဖြစ်သည်။

ပြည်နယ်ကိုးခု ညီလာခံကို ကျင်းပနေသော အကြီးအကဲ၏ မျက်နှာအမူအရာကပင် လွန်စွာ လေးနက် တည်ကြည်နေ၏။ သူက နောက်ဆုံးကျန်ရစ်သော ဆယ်ယောက်ကို ကြည့်ကာ ပြောသည်... "အားလုံး စင်မြင့်ကို စက်ဝန်းပုံစံ နေရာယူ ပေးကြပါ..."

ဆယ်ယောက်က ထရပ်ကာ စင်မြင့်အလယ်အား ဗဟိုထား၍ စက်ဝန်းပုံစံ နေရာယူလိုက် ကြသည်။ ဆယ်ယောက်လုံးက သူတို့၏ ပြည်နယ်လိုက် စုဖွဲ့ထိုင်ခြင်းများ မပြုလုပ်ကြတော့ဘဲ တစ်ယောက်ချင်းစီက ထောင့်တစ်နေရာစီတွင် နေရာယူလိုက် ကြသည်။

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Nơi câu chuyện tồn tại. Hãy khám phá bây giờ