အပိုင်း(၁၅၉၈)နှိမ့်ချစွာနေထိုင်ခြင်း
နတ်ဘုရားမှော်ဆရာ ဆင်းသက်လာသည်။ ကြောက်မက်ဖွယ် နတ်စွမ်းအားတို့က ကျယ်ပြောသည့် လေဟာနယ်ကို ဖုံးအုပ်ကာ ပျက်စီးခြင်းမြို့တော်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
နတ်ဘုရားမှော်ဆရာက ကြေညာလိုက်၏။
"နတ်ဘုရားအမွေအနှစ် နယ်မြေ ပွင့်လာရင် ဟောကိန်း လက်ခံရရှိထားသူတွေက နတ်ဘုရားအမွေအနှစ် နယ်မြေကို ဝင်ရောက်ဖို့ ရွေးချယ်ထားသူတွေနဲ့အတူ ဟောကိန်း ကောင်းချီးပေးခံရဖို့ လာရောက်ပေးပါ။ ဟောကိန်း ကောင်းချီးမရသူတွေက ပျက်စီးခြင်းမြို့တော်ကနေ တစ်နာရီအတွင်း ထွက်ခွာသွားရပါမယ်။ ဘယ်လို ဆန့်ကျင်သူမျိုးမှ ခြွင်းချက်ထားပေးမှာ မဟုတ်ဘူး။"
ချက်ချင်းပင် ဟောကိန်း လက်ခံရရှိထားသူများက ဟောကိန်း များကို ထုတ်ယူကာ ရှေ့သို့ တိုးလာကြသည်။ ၎င်းတို့သည် ရုပ်ပုံများနှင့် ရွှေရောင်စာလိပ်များ ဖြစ်ကြသည်။ ဟောကိန်း အလင်းက ဖြာထွက်လာပြီး ဖုံးလွှမ်းခြင်းခံရသည့် တန်ခိုးရှင်များက ကောင်းချီးပေးခံရသူများ ဖြစ်ကြသည်။
ချက်ချင်းပင် ကောင်းချီးပေးမခံရသူများက အဝေးသို့ ထွက်ခွာသွားကြရသည်။ သူတို့ထဲတွင် ထူးချွန်သည့် သူများလည်း အနည်းငယ် ပါဝင်ပေသည်။ သို့သော် မည်သူကမှ သူတို့ကိုကူညီရန်ဆန္ဒမရှိလျှင် သူတို့က စိတ်ပျက်လက်ပျက်နှင့် ထွက်ခွာသွားရုံသာ တတ်နိုင်ပေသည်။
အများစုမှာ အခွင့်အရေးများ ရှာရန် လာခဲ့ကြသူများ ဖြစ်သည်။
ရီဖူရှင်းနှင့် သူ့အဖွဲ့သည် အရှင်ထိုက်ရွှမ်၏ ကောင်းချီးပေးခြင်း ခံရပေသည်။
ဟောကိန်း စာလိပ်၏ လွှမ်းခြုံခြင်းကို မခံရသည့် တန်ခိုးရှင်များက ချက်ချင်း ထွက်ခွာသွားကြရသည်။ မကြာခင်မှာပင် သူတို့အားလုံးက ပျက်စီးခြင်းမြို့တော်မှ လျှောက်ထွက်ခွာသွားကြပေသည်။
တောက်ပသည့်အလင်းများက နတ်ဘုရားမှော်ဆရာများပေါ်တွင် ဖြစ်ပေါ်လာသည်။ ထွက်ခွာသွားသည့် သူများကို ကြည့်နေပြီးနောက် အခြား နတ်ဘုရားမှော်ဆရာတစ်ယောက်က ထရပ်ကာ ကရှေ့သို့ တိုးလာသည်။