အပိုင်း ၂၉၁ မှ ၃၀၀ အထိ

1.5K 62 2
                                    

အပိုင်း(၂၉၁) အမြင်ကတ်စရာ ကောင်းသော

ရီဖူရှင်းက တောက်ပစွာ ပြုံးကာ ရှေ့မှ မိန်းကလေးအား ငြိမ်သက်စွာ ကြည့်နေသည်။ ဟွာဂျီယူကလည်း သူ့ကို ကြည့်နေသည်။ သူတို့ နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ပြုံးလျက် အကြည့်ချင်း ဆုံကြ၏။ သူမ၏ မျက်လုံးမှ ရှက်ရွံ့ဟန်လေးက ပိုမိုသိသာသလို သူမ၏ မျက်နှာမှ အပြုံးမူကား မည်သည့်အခါကမှ ပျောက်ကွယ် မသွားပေ။

"ငါ့ကို ဘာလို့ အဲလို ကြည့်နေတာလဲ..." သူမ၏ အသံက တိုးညင်းသည်။ ရီဖူရှင်း၏ နားထဲတွင် သူမ၏ အသံလေးက ချစ်စဖွယ် ကောင်းလှသည်။ သူမ၏ အကြည့်အား လွှဲလိုက်သည့်တိုင် သူမကား ယခင်အတိုင်း ဆွဲငင်အား ကောင်းနေဆဲ ဖြစ်သည်။

"ငါ့မိန်းမက ပိုပိုပြီးတောင် လှလာတယ်..." ရီဖူရှင်းက ပြုံးလိုက်သည်။ သူက ထိုသို့ ပြောလိုက်သည်နှင့် ထိုနေရာအနီးမှ မိန်းကလေးများက တခစ်ခစ် ရယ်မောကြသည်။

"ဘယ်သူက နင့်မိန်းမလဲ..." ဟွာဂျီယူက ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်သည်။ သူမ၏ စီနီယာ အစ်မ အများအပြားက သူတို့ကို လှမ်းကြည့် နေကြသည်။ ဤကောင်က အဘယ်ကြောင့် သည်မျှ စည်းလွတ် ဝါးလွတ် ဖြစ်နေရသနည်း။

ရီဖူရှင်းက တောက်ပစွာ ပြုံးလျက် သူမထံ လျှောက်သွား လိုက်သည်။ ရီဖူရှင်းက မိမိ၏ လက်အား သူမ၏ လက်ပေါ်မှ အုပ်မိုးလျက် ကိုင်ကာ နောက် လက်တစ်ဖက်ဖြင့် သူမ၏ ဆံပင်များအား ပွတ်လိုက်သည်။ ဟွာဂျီယူ၏ မျက်နှာက ပိုမိုနီရဲလာသည်။ သူမ၏ လှပသော မျက်လုံးများဖြင့် ရီဖူရှင်းအား ကြည့်လိုက်သည်။

"နင်..." ဟွာဂျီယူက တိုးညင်းစွာ ပြောသည်။ နောက်ထပ် တခစ်ခစ် ရယ်မောသံများ လွင့်ပျံ့လာသည်။ သူတို့အားလုံးက ဟွာဂျီယူအား စနောက်နေကြ၏။ မျက်လုံးပေါင်း များစွာ၏ အကြည့်များကို ခံစားမိလျှင် ဟွာဂျီယူက မျက်နှာ မထားတတ်အောင် ဖြစ်လာသည်။

"ငါမှ သဘော မတူရသေးတာ..." ဟွာဂျီယူက ရီဖူရှင်းအား မျက်တောင်ပင့်လျက် ကြည့်ကာ ပြောသည်။ ထို့နောက် သူမက နောက်လှည့်ကာ မပြေးရုံတမယ် လျင်မြန်စွာ လှည့်ထွက် သွားသည်။ လူအများအပြားက ဝိုင်းကြည့်နေသည်ကို သူမ ရှက်ရွံ့လှပြီ။ ဤခွေးကောင်ကား အဆိုးဆုံးသော နေရာကို မည်သို့ ရွေးတတ်သနည်း။ ရီဖူရှင်းက ပြုံးလျက်ပင် သူမ၏ နောက်မှ လိုက်ပါသွားသည်။

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Where stories live. Discover now