အပိုင်း ၃၂၁ မှ ၃၃၀ အထိ

1.4K 57 7
                                    

အပိုင်း(၃၂၁) :လိပ်မင်းတောင်

ချင်ယွန်က မိမိကိုယ်ကို ယဉ်ကျေးကာ လူကြီးလူကောင်း ဟန်ဆောင်မှတော့ ရီဖူရှင်းက ပို၍ပင် သဘောကျသေးသည်။

ချင်ယွန်က ပြန်မကြည့်ပေ။ သူက ရီဝူချင်းအား တည်ငြိမ်စွာ ကြည့်သည်။ ဧကရာဇ်လျိုကသာ လက်ထပ်ပွဲအတွက် ဆုံးဖြတ်ချက် ချနိုင်သည်။ သို့သော်လည်း သူက ချင်ပြည်ထောင်ကို အလွယ်တကူ လက်ခံလိုသည့် ပုံဟန်မရှိပေ။ မဟုတ်လျှင် သူက လူတိုင်းအား ဖိတ်ခေါ်မည် မဟုတ်ပေ။

ဧကရာဇ်လျိုက ဘာကို စီစဉ်နေသည်ကို ရီဖူရှင်းကလည်း သိလိုသည်။

"ရီဖူရှင်း... မင်းစကားက နည်းနည်း ဆီလျော်မှု မရှိဘူး... ." ချင်လီက ပြောသည်... "မိန်းမလှတွေက လူကြီးလူကောင်းတွေရဲ့ ချစ်ခင်နှစ်သက်မှုကိုပဲ ရရှိကြတယ်... ကျုပ်ဦးလေးက မင်းသမီးလေးကို အရင်ကတည်းက မြင်ဖူးတာ သေချာတယ်... သူမကို သဘောကျတာက ထူးဆန်းတဲ့ ကိစ္စမဟုတ်ဘူး... သူက လူကြီးလူကောင်းဆန်ပေမဲ့ သူ့ချစ်သူကို တခြားလူတွေကို ပေးစရာ အကြောင်းမရှိဘူး... မင်းစကားက ပေါက်လွတ်ပဲစား ဆန်တယ်..."

"ပြီးတော့ ကျုပ်ဦးလေးက ဒီကို သတို့သမီး လာတောင်းတာ... ချင်ပြည်ထောင်၊ ဒွန်ဟွာကလန်နဲ့ တခြားအင်အားစုတွေ အကုန်လုံးက သက်သေရှိတယ်... ဒါပေမဲ့ ရီဝူချင်းက ဒီကို လာပြီးတော့ သတို့သမီး တောင်းတာ သူ့သဘောထားလား... သူ့ကလန်ရဲ့ သဘောထားလား..."

"ဖူယွန်ဓား ကလန်က ဒါကို ဘယ်တုန်းကမှ မတွေးခဲ့ဘူး... ." ဖူယွန်ဓားကလန် ပထမတောင်ကုန်းမှ ချီဟောင်က ပြောသည်။ ရီဖူရှင်းက အေးစက်စွာ လှမ်းကြည့်သည်။ ဤသို့ဆိုလျှင် ဖူယွန်ဓားကလန်က ချင်ပြည်ထောင်ဘက်တွင် ရှိနေသည်။

ချီဟောင်၏ အမူအရာက အေးဆေးလှသည်။ ဖူယွန်ဓားကလန်က ဓားသခင်တောင်အား မုန်းတီးရာ ကော့တေးကိုလည်း မုန်းတီးပေသည်။ သူက ရီဝူချင်းအား ရီဖူရှင်းနှင့် ဝေးဝေးနေရန် ကြိမ်ဖန်များစွာ သတိပေးခဲ့သော်လည်း ရီဝူချင်းက လျစ်လျူရှု ထားသည်။ ဤသို့ဆိုလျှင် ဖူယွန်ဓားကလန်ကလည်း ရီဝူချင်းကဲ့သို့ သစ္စာဖောက်ဘက်မှ ရပ်တည်မည် မဟုတ်ပေ။

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Место, где живут истории. Откройте их для себя