Chapter 141

1.1K 103 0
                                    

မုမင်ထန်ရဲ့စကားကိုလည်း ကြားရော ဆိုင်ရှင်အမျိုးသမီးတွေက အစေခံ ခေါ်တာကိုတောင် မစောင့်တော့ဘူး။ ချက်ချင်းပဲ သူတို့စာအုပ်ငယ်လေးတွေကို အစေခံဆီ ပြုံးပြုံးလေး ထိုးပေးလိုက်ကာ မုမင်ထန်ကို စိတ်အားထက်သန်စွာ ကြည့်နေကြတယ်။ အစေခံတွေက စာအုပ်ငယ်လေးတွေကို အစီအရီ ဗန်းထဲ ထည့်ပြီး မုမင်ထန်ရှေ့ ဆက်သလာတယ်။ သူမ နည်းနည်းတော့ တွန့်ဆုတ်နေမိတယ်၊ နောက်ဆုံးမှ စာအုပ်တစ်အုပ်ကို ကောက်ယူလိုက်တယ်။

အဆင်ဒီဇိုင်းနဲ့ ချုပ်ပုံတွေ အားလုံးကို စာအုပ်ငယ်လေးတွေထဲမှာ ရေးဆွဲထားပြီး နမူနာအထည်စတွေကို ဘေးမှာ ကပ်ထားပေးတယ်။ အညွှန်းဖော်ပြချက်ကလည်း အသေးစိတ်ကျတယ်။ အရွေးခံလိုက်ရတဲ့ အမျိုးသမီးက ဝမ်းသာသွားပြီး ချက်ချင်းပဲ သူမရဲ့ ပစ္စည်းအသစ်ကို မိတ်ဆက်ပေးလာတယ်။ မုမင်ထန် နားထောင်ရင်း လက်ထဲက စာအုပ်ကိုလည်း လှမ်းကြည့်နေတယ်။ သူမစိတ်ထဲ တော်‌တော်များများ အကုန် ကောင်းနေသလိုပဲ၊ ဘာရွေးရမှန်းတောင် မသိတော့ဘူး။

မုမင်ထန် ဆုံးဖြတ်ရခက်ဖြစ်နေတာကို အစေခံမလေးက မြင်တော့

"ဝမ်ဖေး ဘယ်လိုထင်ပါသလဲ"

သူမ မျက်မှောင်ကြုတ်လိုက်တယ်။

"ဒီသုံးခုလုံးက သူ့ဟာနဲ့သူ ကောင်းတာတွေချည်းပဲ။ ဘယ်တစ်ခုကို ရွေးရမလဲ မသိတော့ဘူး"

"ဝမ်ဖေး စဥ်းစားရခက်နေရင် သုံးခုလုံး ယူထားလိုက်ပါလား"

မုမင်ထန် အံ့အားသင့်သွားတယ်။ သူမစိတ်ထဲ ဒီစကားက ရင်းနှီးနေလိုက်တာ။ အဲ့တာက ကျန်းသခင်မ လက်ဖွဲ့တွေ ပြင်နေတုန်း သူမ ပြောခဲ့တဲ့စကားပဲ မဟုတ်ဘူးလား?

ကျန်းသခင်မရဲ့ ပိုက်ဆံကို သုံးတာနဲ သူမပိုက်ဆံကို သုံးတာနဲ့ ဘယ်လိုလုပ် တူပါ့မလဲ။ မုမင်ထန်က စာအုပ်ကို ပိတ်လိုက်ပြီး

"အဲ့လိုလုပ်လို့ ဘယ်ဖြစ်မလဲ။ လိုအပ်သလောက်ပဲ ဝယ်ရင် ရပါပြီ၊ ဒီလောက်အဝတ်အစားတွေ အများကြီး ငါ ဘယ်လိုလုပ် လိုမှာလဲ"

"ဝမ်ဖေး ကြိုက်တဲ့ဟာ အားလုံးကို ဝယ်လိုက်ဖို့ ဝမ်ရယ်က အမိန့်ပေးထားခဲ့ပြီးပါပြီ။ ဝမ်ဖေး ကြိုက်တယ်ဆိုရင် အဲ့ပစ္စည်းက အပြင်ကို ပြန်ရောက်သွားလို့ မရပါဘူး"

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now