လက်ရှိမှာ နှစ်ယောက်သား ဝါးရုံတောလေးကိုတောင် ဖြတ်လာခဲ့ပြီးပြီ ဖြစ်တယ်။ ပြင်ပလောကကြီးနဲ့ အဆက်အသွယ်ပြတ်နေသလိုမျိုး လေသံတိုးတိုးကိုသာ ကြားရတယ်။
ရှဲ့ရွှမ်းချန်က
"ကိုယ့်ဇနီးလေးက ညလယ်ခေါင်ကြီး ပြတင်းပေါက်ကနေ ခိုးထွက်သွားတာလေ။ သူမနောက် ကိုယ်လိုက်တာက သဘာဝကျတာ မဟုတ်ဘူးလား?"
မုမင်ထန် တည်တည်နေဖို့ ကြိုးစားပေမဲ့ သူ့စကားကြားတဲ့အခါ မနေနိုင်ဘဲ ရယ်မိတော့တယ်။
"နောက်မနေနဲ့။ ကျွန်မ အတည်မေးနေတာ"
"တကယ်ပါဆို"
မုမင်ထန် သက်ပြင်းချလိုက်ပြီး အဲ့အကြောင်းကို ဆက်မပြောဖို့ လုပ်လိုက်တယ်။ အဲ့အစား သူမက သိချင်စိတ်နဲ့ မေးလာတယ်။
"အရှင့်သား ဘယ်တုန်းက ထွက်လာတာလဲ"
"မင်း ထွက်သွားကတည်းကပဲ"
မုမင်ထန် မယုံနိုင်အောင် အံ့ဩသွားမိတယ်။ အမှောင်ထဲမှာမို့ သူ့မျက်နှာကို မမြင်ရပေမဲ့လည်း သူ့ပုံစံက တည်တည်ငြိမ်ငြိမ်နဲ့ နောက်နေတဲ့ပုံ မပေါ်ချေ။ မုမင်ထန် အံ့အားသင့်နေတယ်။
"ကျွန်မ သွားကတည်းက နောက်က လိုက်လာတယ်လို့သာ ပြောတာ ကျွန်မဖြင့် သတိတောင် မထားမိဘူး"
ဒီကိစ္စက ထွေထွေထူးထူး ပြောပြရလောက်အောင် မရှိဘူးလို့ ထင်တာကြောင့် ရှဲ့ရွှမ်းချန်ကတော့ ဘာမှပြန်မဖြေလာချေ။ မုမင်ထန် တွေးလေ တွေးလေ စိတ်ထဲ အဆင်မပြေ ဖြစ်လာတယ်။ ဒီတစ်လျှောက်လုံး သူမစိတ်ထဲ ရှဲ့ရွှမ်းချန်က အားနည်းနေပြီး ဂရုစိုက်ပေးဖို့ လိုတဲ့သူလို့ပဲ ထင်ထားခဲ့တာ၊ ဒါပေမဲ့ ရှဲ့ရွှမ်းချန်က လက်တစ်ဖက်တည်းနဲ့တင် သူမကို အနိုင်ယူနိုင်စွမ်း ရှိတယ်။
ဖြစ်နိုင်တာက .... ရှဲ့ရွှမ်းချန်က သူမ အကူအညီဆိုတာကို လိုကို မလိုတာလို့ ရုတ်တရက် မုမင်ထန် သဘောပေါက်သွားတယ်။
ရှဲ့ရွှမ်းချန် လမ်းလျှောက်ရင်း သူမ အသံတိတ်သွားတာကို သတိထားမိတယ်။ သူမကို ထူးဆန်းတဲ့ပုံနဲ့ လှမ်းကြည့်လိုက်ရင်း
