Chapter 131

1K 97 0
                                    

အဲ့ဒီနေ့ သူတို့ စကားပြောဖြစ်ပြီးကတည်းက သူမကပဲ ရှဲ့ရွှမ်းချန်ကို ကောင်းကောင်း ဂရုစိုက်ပေးလို့လား၊ ဒါမှမဟုတ် ရှဲ့ရွှမ်းချန်ကပဲ စိတ်ပြောင်းသွားလို့ပဲလားမသိ သူ့ပုံစံက တော်တော်လေး တိုးတက်လာပြီး မျက်နှာကလည်း အရင်လို ဖြူဖျော့မနေတော့ချေ။

မုမင်ထန် တော်ဝင်သမားတော်ကျန်းနဲ့ တွေ့ခွင့်ရဖို့ အချိန်ပြည့် အခွင့်အရေးရှာနေတယ်။ ဒါပေမဲ့ သမားတော်ကျန်းကလည်း ခွင့်ယူသွားပြီး သူမဘေးမှာလည်း အစေခံတွေက အချိန်ပြည့်ရှိနေတာကြောင့် လစ်ထွက်လာလို့လည်း မရဘူး။ သူမ ရွေးချယ်စရာ မရှိတဲ့အဆုံး လောလောဆယ်တော့ အိပ်ခန်းထဲမှာပဲ နေဖို့ လုပ်လိုက်ရတယ်။ နောက်ဆုံး သမားတော်ကျန်းရဲ့ တတိယမြောက် တာဝန်ကျတဲ့ညကျမှပဲ မုမင်ထန် သူ့ဆီ လစ်ထွက်လာဖို့ အခွင့်အရေး ရတော့တယ်။

ညရောက်တဲ့အခါ သူမကို နှုတ်ဆက်ပြီးတဲ့နောက် အစေခံတွေက မီးအိမ်ကိုင်ပြီး အနားယူဖို့ ထွက်သွားကြတော့တယ်။ အစေခံမလေးက တံခါးပိတ်သွားပေးပြီး အပြင်က ဘာလှုပ်ရှားမှုမှ မရှိတာ သေချာတော့မှ သူမ အနက်ရောင်ဝတ်စုံကို ဗီရိုထဲကနေ တိတ်တိတ်လေး နှိုက်ပြီး ဝတ်လိုက်တယ်။

သူမ တတ်နိုင်သလောက် အသံမထွက်အောင် လုပ်ပြီး ခပ်မြန်မြန်ပဲ အနက်ရောင်ဝတ်ရုံကို ပတ်လိုက်တယ်။ ခေါင်းဆောင်းကိုပါ ဝတ်ပြီးတဲ့နောက် ရှဲ့ရွှမ်းချန်ဘက်ကို လှည့်ကြည့်ပြီး

"ကျွန်မကို ကာပေးဖို့ မမေ့နဲ့နော်"

ရှဲ့ရွှမ်းချန်က ပြန်တောင် မဖြေဘဲ သူမကို တိတ်တိတ်လေးပဲ ကြည့်နေလိုက်တယ်။ မုမင်ထန် သူ့ကို တစ်ချက်လောက် ပက်ခနဲ ကြည့်လိုက်တော့မှ မလုပ်ချင်လုပ်ချင်နဲ့ ခေါင်းညိတ်ပြပြီး

"ကောင်းပြီ"

သူ ပြောပြီးတာနဲ့ မုမင်ထန်က ပြတင်းတံခါးကို အသံမထွက်အောင် ဖွင့်လိုက်တယ်။ ရှဲ့ရွှမ်းချန် စိတ်ထဲ တစ်ခုခု ထူးဆန်းနေသလို ခံစားလိုက်တယ်။ သူမ လှုပ်ရှားပုံက သေသပ်လွန်းတယ်။

"မင်းကြည့်ရတာ ဘာလို့ အဲ့လောက် ကျွမ်းကျင်နေတဲ့ပုံ ပေါ်နေတာလဲ"

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးTempat cerita menjadi hidup. Temukan sekarang