Chapter 150

2.3K 153 3
                                    

ကျန်းမင်ဝေ့ သဘောကျတဲ့သူဆိုမှတော့ ကျန်တဲ့မိန်းကလေးတွေလည်း သူ့ကို ကြွေကြမှာ အမှန်ပဲ။ ရှဲ့ရွှမ်းကျီက လုပ်ရည်ကိုင်ရည် ရှိပြီး အလားအလာကောင်းလည်း ရှိတယ်။ ဒီအကြောင်းအရင်းကြောင့်ပဲ သူမ ရှဲ့ရွှမ်းကျီကို အဲ့လောက် အသည်းအသန် လက်ထပ်ချင်ခဲ့တာ ဖြစ်တယ်။ သူမလိုပဲ အကြံတူတဲ့ မိန်းကလေးတွေလည်း ဒုနဲ့ ဒေးပဲ။ ရှဲ့ရွှမ်းကျီရဲ့ လုပ်ရည်ကိုင်ရည်၊ နူးညံ့ရည်မွန်ပုံတို့ကြောင့် မိန်းကလေးတွေကြား အတော်လေး ရေပန်းစားတယ်။ အိမ်တော်ထဲမှာလည်း သူ့အိပ်ရာပေါ် တက်ချင်တဲ့ အစေခံတွေက မနည်းမနော။

ရှဲ့ရွှမ်းကျီက နောက်တက်မယ့် ဧကရာဇ်လောင်းဆိုတော့ လောလောဆယ် နိမ့်ကျတဲ့အနေအထားမှာ နေရတာလောက်က ဘာအရေးကြီးလို့လဲ။ ရှဲ့ရွှမ်းကျီရဲ့ နှလုံးသားကိုသာ အပိုင်သိမ်းနိုင်ရင် သူ ဧကရာဇ်ဖြစ်တာနဲ့ သူမကလည်း အနှေးနဲ့အမြန် တော်ဝင်ကိုယ်လုပ်တော် ဖြစ်လာမှာပဲဟာ။

ဖြစ်နိုင်တာက ကွေ့ဖေးတင်မကဘူး သူမသာ လုပ်ရည်ကိုင်ရည်ရှိရင် မိဖုရားခေါင်ကြီးတောင် ဖြစ်လာနိုင်တယ်။

ဒါကြောင့်မို့ ကျင်းအိမ်တော်မှာ အားလုံးက ကျန်းမင်ဝေ့ကို ဝမ်ဖေးအနေနဲ့ အပေါ်ယံတော့ လေးစားပြနေပေမဲ့ နောက်ကွယ်မှာကျ ကောက်ကျစ်တဲ့အကြံအစည်တွေ ရှိကြတယ်။ ဘယ်သူမှ သူမကို မကြောက်ကြဘူး။ သူ့အိမ်ရာပေါ်တက်ပြီး မြှူဆွယ်မယ်၊ နောက်ပြီးကျ ကိုယ်လုပ်တော်တွေ ဖြစ်လာမယ်၊ ဒါက ပုံမှန်ဆန်လွန်းတဲ့ အရာတွေပင်။

ညကျ ဘယ်အစေခံတွေကို ထားပေးသင့်လဲ ကျန်းမင်ဝေ့ တွေးနေတယ်။ သူမအကြည့်က တဖြေးဖြေး အာရုံမစိုက်နိုင်တော့ဘဲ ငေးမောနေသလို ဖြစ်လာတယ်။ အလှသွေးကြွယ်တဲ့အစေခံတွေကတော့ သေချာပေါက် ဖယ်ပစ်ရမယ်။ ဒါပေမဲ့ အဖုံးပဲ ကြည့်ပြီး စာအုပ်တစ်အုပ်ကို မဆုံးဖြတ်နဲ့ဆိုသလို အပေါ်ယံပဲ ကြည့်ပြီး ဆုံးဖြတ်လို့ မရပြန်ဘူး။ ရိုးရိုးအအနဲ့ သစ္စာရှိပုံပေါ်တဲ့သူတွေကလည်း မယုံရဘူး။

အကောင်းဆုံးကတော့ ရုပ်ဆိုးဆိုးနဲ့ ပုံပန်းမကျတဲ့ အစေခံတွေကိုပဲ ညဘက်နေခိုင်းလိုက်တာ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ အဲ့လိုလုပ်လိုက်ရင် တအားသိသာသွားပြီး သူမကို မနာလိုဝန်တိုတဲ့ ဇနီးသည်လို ပြစ်တင်ပြောဆိုကြလိမ့်မယ်။ သူမရဲ့ နာမည်ဂုဏ်သတင်းကိုလည်း သူမ ထိန်းသိမ်းရဦးမယ်။

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးDove le storie prendono vita. Scoprilo ora