Chapter 129

264 40 0
                                    

နှစ်ယောက်တွဲခုံရဲ့ နံဘေးမှာ မုမင်ထန်ကို ခစားနေတဲ့ အစေခံမလေးတစ်ယောက်ရှိတယ်။ ကြည့်ရတာ အဲ့အစေခံမလေးကို သူမ တစ်ခုခု မေးနေပုံပဲ၊ သူမက မေးလိုက်၊ အစေခံမ‌လေးက ပြန်ဖြေလိုက်နဲ့။ တစ်ခုဖြေလာတိုင်း သူမက စာအုပ်လေးထဲ တစ်ခု ချမှတ်ထားတယ်။ သူမ အလုပ်ထဲ စိတ်နှစ်ထားတာမို့ ရှဲ့ရွှမ်းချန် နိုးလာတာတောင် သတိမထားမိလိုက်ချေ။

ရှဲ့ရွှမ်းချန်က အိပ်ရာပေါ် တိတ်တိတ်ဆိတ်ဆိတ်ပဲ ထိုင်နေရင်း ကန့်လန့်ကာက ဆင့် သူမကို လှမ်းကြည့်နေတယ်။

မုမင်ထန်က ဘာလုပ်လုပ် စိတ်နှစ်ပြီး လုပ်တတ်တာကို သူ သတိထားမိတယ်။ ထမင်း စားတာပဲဖြစ်ဖြစ် စာရင်းမှတ်တဲ့အချိန်ပဲဖြစ်ဖြစ် သူမက ကိုယ်လုပ်တဲ့အလုပ်အပေါ် အာရုံစူးစိုက်မှု အပြည့်ရှိတယ်။ သူမ လုပ်နေတာကို ကြည့်ရတာ မသိရင် သူတို့က ဒီအိမ်တော်မှာ အကြာကြီး နေဖြစ်မယ့်ပုံအတိုင်းပဲ။ သူတို့မှာ တောက်ပတဲ့အနာဂတ်တစ်ခု ရှိနေတာမို့ အိမ်တော်က လူတွေကို ပြန်စီမံဖို့ လိုအပ်တဲ့အပြင် စာရင်းစာအုပ်တွေကအစ အချိန်ယူပြီး အသေးစိတ် လုပ်နေရတယ်လို့တောင် ထင်ရတယ်။

ရုတ်တရက် သူ့စိတ်ထဲ အပြစ်ရှိသလို ခံစားလိုက်ရတယ်။ သူမက ဘယ်အရာကိုမဆို စိတ်နှစ်ပြီး လုပ်တတ်လွန်းတာကြောင့် မကြာခဏ သူ ခံနိုင်ရည်ရှိတာထက်တောင် ကျော်လွန်နေတတ်တယ်။ ဧကရာဇ်က သူ့ကို ဆုလာဘ်တွေ အမြောက်အမြား ချီးမြှင့်ခဲ့ပြီး ရှဲ့ရွှမ်းကျီကလည်း ညီအစ်ကိုအရင်းတွေလိုဖြစ်ကြောင်း ပြောနေပေမဲ့ တော်ဝင်သမားတွေကတော့ သူ့ကို ဆေးကုပေးချင်စိတ်တောင် မရှိကြချေ။ အားလုံးက သူ့ကို ဒီနှစ် ဆောင်းကုန်တဲ့အထိတောင် အသက်မရှင်နိုင်ဘူးလို့ ထင်နေကြတယ်။ ဒါပေမဲ့ မုမင်ထန်တစ်ယောက်တည်းကသာ သူတို့နှစ်ယောက်အတွက် အနာဂတ်ကို အစီအစဥ်ဆွဲနေပြီး သူ့ရောဂါကို ကုဖို့ စိတ်အားထက်သန်နေတာ။

တစ်ဖက်မှာ မုမင်ထန်ကတော့ အစေခံမလေးနဲ့ အချိန်အကြာကြီး မေးလိုက်ရေးလိုက် လုပ်ပြီးတဲ့နောက် သူမ အားလုံးကို နားလည်သွားတယ်။ သူမ ရေတော်တော် ဆာနေပြီမို့ အစေခံကို ပြန်လွှတ်ပြီးတဲ့‌နောက် ရေနွေးတစ်ခွက်သောက်ရအောင် နောက်လှည့်လိုက်တယ်။

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now