Chapter 145

562 58 0
                                    

ရှဲ့ရွှမ်းချန်က နှုတ်ကနေတောင် အာညောင်းခံပြီး မပြောချင်တဲ့ ပုံမျိုးနဲ့

"တန်ဖိုးကြီးပြီး ရှားပါးတဲ့ပစ္စည်းဆိုမှတော့ တစ်စုံတစ်ယောက်ကလည်း လိုချင်နေတာပဲ ဖြစ်ရမယ်"

သူမ မျှော်လင့်တကြီးနဲ့ စောင့်နေပေမဲ့ ရှဲ့ရွှမ်းချန်က နည်းနည်းလေးတောင် အံ့ဩတဲ့ပုံမပြလာဘူး။ မုမင်ထန်က

"အရှင့်သား ဘယ်လိုလုပ် သိတာလဲ"

"အဲ့လောက် ခန့်မှန်းရမခက်ပါဘူး။ မင်းနဲ့ ယှဉ်ပြီး လုရဲတဲ့သူက လက်ချိုးရေလို့ ရတယ်လေ"

မုမင်ထန်က သူ့စကားကို ပြန်မဖြေလာတာတွေ့တော့ ရှဲ့ရွှမ်းချန် နည်းနည်း အံ့ဩသွားတယ်။ သူမ ဘာများပြောလာမလဲ စောင့်နေပေမဲ့ မုမင်ထန်က စကားပြောလာမယ့်ပုံမမြင်တဲ့အခါ

"မင်း ဘာတွေ တွေးနေတာလဲ"

"ဒီပိုးထည်တွေကို ဘယ်လိုရောင်းရင်ကောင်းမလဲ စဉ်းစားနေတာ"

ရှဲ့ရွှမ်းချန် အံ့ဩပြီး သီးတောင် သီးသွားတယ်။ ဒါပေမဲ့ မုမင်ထန်က နောက်နေတာမဟုတ်မှန်း တွေ့တဲ့အခါ

"မင်း တကယ် ပြောနေတာလား"

"အွန်း" မုမင်ထန်က ခေါင်းညိတ်လိုက်တယ်။ သူမ အတည်ပြောနေတယ်ဆိုတာ သိသာတယ်။ "စျေးက ဆယ်ဆတောင် တက်သွားတာ။ အဲ့လောက်ပိုက်ဆံတွေ အများကြီးကို အရူးပဲ ပြန်မရောင်းစားမှာ"

ရှဲ့ရွှမ်းချန် ဘာပြန်ပြောရမလဲတောင် မသိတော့ဘူး။ မုမင်ထန်က တကယ် သူများနဲ့မတူအောင် တွေးတတ်တာပဲ။ သူ့ခမျာ အံ့အားသင့်ရလွန်းလို့ သူမရဲ့ နောက်ထပ်ခြေလှမ်းက ဘာဖြစ်မလဲတောင် မခန့်မှန်းနိုင်တော့ဘူး။ ရှဲ့ရွှမ်းချန် ခဏလောက် ငြိမ်သက်သွားတယ်။ အဲဒီနောက် သိချင်စိတ်နဲ့

"ဒီဟာကို မင်း ကြိုက်တယ် မဟုတ်ဘူးလား"

"ကျွန်မ ကြိုက်တာပေါ့" အဲဒီနောက် မုမင်ထန် လှည့်လိုက်ပြီး "ပိုက်ဆံကိုလည်း ကျွန်မ ကြိုက်တယ်။ ကျွန်မတစ်ယောက်တည်းနဲ့ ပိုးထည်တွေ အားလုံး သုံးနိုင်မှာလည်း မဟုတ်တဲ့ဟာ၊ ပိုက်ဆံနည်းနည်း ပြန်ထွက်လာအောင် လုပ်လိုက်တာက မကောင်းဘူးလား"

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now