Chapter 143

209 30 0
                                    

ကျန်းမင်ဝေ့ မျက်နှာထားပြောင်းသွားပေမဲ့ နောက်ဆုံးကျ ရေခဲရိုက်အပြုံးနဲ့

"ကိစ္စမရှိပါဘူး။ ဝါအရ သူမက ငါ့ထက် ကြီးတဲ့သူပဲဟာ ဘယ်လိုလုပ် ယောင်းမကြီးနဲ့ ယှဉ်လုနေလို့ ဖြစ်ပါ့မလဲ"

ကျန်းမင်ဝေ့ မျက်နှာ တော်တော်ပျက်နေတာမို့ ဘေးကလိုက်လာတဲ့ အဖော်တွေလည်း စိုးထိတ်နေရပြီး တစ်ယောက်ပြီး တစ်ယောက် ပြောလာကြတယ်။

"ငါတို့တွေ ဒီကိုရောက်လာပြီးမှတော့ လက်ဗလာနဲ့ ပြန်သွားရမှာ ဝမ်းနည်းစရာကြီး။ ဝမ်ဖေးလည်း လမ်းလျှောက်လာရတော့ ပင်ပန်းနေလောက်ပြီ။ လက်ဖက်ရည်ဆိုင်ကို သွားပြီး အနားယူကြရအောင်လား။ နောက်ပြီး အဲ့က ပြဇာတ်အသစ်က တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်ဆိုပဲ"

အကုန်လုံးက တညီတညွတ်တည်း ပြောလာတော့ ကျန်းမင်ဝေ့လည်း သူတို့နဲ့အတူ ထွက်လာခဲ့တယ်။ လက်ဖက်ရည်ဆိုင်ကို ရောက်တဲ့အခါ ဆိုင်ရှင်က လေးလေးစားစားနဲ့ နှုတ်ဆက်ပြီး အပေါ်ထပ်က သီးသန့်အခန်းဆီ ခေါ်သွားပေးတယ်။

ကျင်းဝမ်ဖေးနဲ့ ကျန်တဲ့အရာရှိကတော်တွေ အားလုံးက အဆင့်အတန်းမြင့်တဲ့သူတွေချည်းပဲမို့ သာမန်အရပ်သားတွေနဲ့ တစ်နေရာတည်း မထိုင်နိုင်ချေ။ အပေါ်ထပ်ကို ရောက်သွားတာနဲ့ လေထုက အောက်ထပ်ကနဲ့ လုံးဝ တခြားစီပဲ။ အဲဒီနောက် အမျိုးသမီးအကဖွဲ့ကို ကပြဖျော်ဖြေဖို့ ဆင့်ခေါ်လိုက်တယ်။ စာပေအနုသုခုမ၊ ကိုယ်ခံပညာ၊ တေးသီချင်းတွေနဲ့ ပြဇာတ်တွေကို ကပြဖျော်ဖြေကြတယ်။ ပြပွဲကို ကြည့်ရင်း လူအုပ်ကြီးဆီက ချီးကျူးထောမနာပြုသံတွေကို ကြားရမှပဲ ကျန်းမင်ဝေ့ နည်းနည်း စိတ်ကြည်သွားတော့တယ်။

အဲဒီအချိန် လမ်းတစ်ဖက်က လီကျီအထည်ဆိုင်ကနေ ဆူညံသံတွေကို လှမ်းကြားလိုက်ရတယ်။ အမျိုးသားအစေခံတွေက ပစ္စည်းတွေကို အပြေးအလွှား ဆိုင်ထဲ သယ်လိုက်ပို့လိုက် လုပ်နေပုံပေါ်တယ်၊ ကြည့်ရတာ အမျိုးသမီးတတွေ ပြန်ရောက်လာပြီနဲ့ တူတယ်။ အဲ့အချိန် ပြပွဲကလည်း တိုက်တိုက်ဆိုင်ဆိုင် ပြီးသွားတယ်။ ကျန်းမင်ဝေ့ ထလိုက်ပြီး အခုမှ ပြဇာတ်ကြည့်ပြီးလို့ ဆင်းလာတဲ့ဟန်နဲ့ အောက်ထပ်ကို ဆင်းသွားတယ်။

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now