Chapter 135

577 69 0
                                    

မုမင်ထန်က အဲ့လိုပြန်ပြောလာမယ်လို့ ရှဲ့ရွှမ်းချန် မထင်ထားချေ။ သူ့ခမျာ အံ့အားသင့်ပြီး ပြန်တောင် မဖြေနိုင်တော့ဘူး။ ရှဲ့ရွှမ်းချန် တွေဝေစွာနဲ့

"ဘယ်လိုပဲဖြစ်ဖြစ် သူ့တစ်သက်လုံး တော်ဝင်သမားနန်းဆောင်မှာ နေခဲ့တာပဲလေ။ အသိစိတ်က ရှိသေးရင်တောင် စကားကို သွယ်ဝိုက်ပြောတတ်တဲ့အကျင့်ကို သူ ဖျောက်နိုင်မှာ မဟုတ်ဘူး။ ဘယ်ရောဂါပဲဖြစ်ဖြစ် သူတို့က ကောင်းကောင်းနားလိုက်ရင် ကောင်းသွားမှာပါလို့ပဲ ပြောကြလိမ့်မယ်။ သူက ဒီအတိုင်း မင်း စိတ်သက်သာရာရအောင် ပြောပေးနေတာ"

"အဲ့လိုဆိုလည်း ဘာဖြစ်လဲ" မုမင်ထန်က ပြောလာတယ်။ "သူ့ဆေးစစ်ချက်သာ မှန်သ၍ ပြီးတာပါပဲ။ အရှင့်သား ဘာဆေးမှ သောက်စရာမလိုဘူး၊ သဘာဝအတိုင်း ကိုယ်အလေးချိန်တက်လာရင် ကောင်းလိမ့်မယ်လို့ သမားတော်က ပြောသွားတယ်။ အရှင့်သား များများ ပိုစားသင့်တယ်၊ အရှင့်သားက ကျွန်မထက်တောင် ပိန်နေပြီ"

ခပ်လှမ်းလှမ်းက မှိန်ပျပျ မီးရောင်ကို လှမ်းမြင်နေရပြီမို့ သူတို့ ဝါးရုံတောလေးရဲ့ထွက်ပေါက်ကိုတောင် ရောက်လာကြပြီ ဖြစ်တယ်။ လမ်းညွှန်တွေတောင် မလိုဘူး၊ တစ်ချက်ကြည့်လိုက်ရုံနဲ့ ယွီလင်ခန်းမဆောင်ကို ဘယ်လမ်းကသွားရမလဲ သူမ တန်းသိတယ်။

နေ့တိုင်း သူမကိုယ်တိုင် ခန်းမဆောင်တစ်ခုလုံးကို မီးထွန်းခဲ့တာဆိုတော့ ဒီမီးရောင်တွေကို သူမထက်ပိုပြီး ဘယ်သူကမှ မရင်းနှီးနိုင်ဘူး။ မုမင်ထန် ပြုံးလိုက်ပြီး ရှဲ့ရွှမ်းချန်ရဲ့ လက်မောင်းကို ဆွဲကာ အရှေ့ကို ညွှန်ပြရင်း

"ကြည့်ပါဦး ကျွန်မတို့ အိမ်တောင် ပြန်‌ရောက်လာပြီ"

ရှဲ့ရွှမ်းချန် လှမ်းကြည့်လိုက်တယ်။ အစေခံတွေအားလုံးက နားနေကြပြီဖြစ်ပြီး အလင်းရောင် ကျိုးတိုးကျဲတဲသာ မြင်ရတယ်။ မှောင်ရီဝိုးတဝါးညမှာ အလင်းရောင်လေးက လမ်းပြသဖွယ် ဖြစ်နေတယ်။

ရုတ်တရက် ရှဲ့ရွှမ်းချန်က

"တကယ်လို့ ကိုယ် ထပ်ပြီး စိတ်ဖောက်ပြန်သွားရင်ကော?"

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now