Chapter 140

1.2K 100 0
                                    

ရှဲ့ရွှမ်းချန်က အထည်ဆိုင်ရှင်တွေကို အိမ်တော်ဆီ လာခိုင်းလိုက်ဖို့ အမိန့်ပေးသွားတာဖြစ်တယ်။ နေ့လယ်ခင်းရောက်တာနဲ့ အစေခံမလေးက ဆိုင်ရှင်တွေ ရောက်နေပြီဖြစ်ကြောင်း လာလျှောက်တင်တယ်။

မုမင်ထန် နေ့လယ်ခင်း တရေးတမော အိပ်နေတာဖြစ်တာကြောင့် ဘာမှမတွေးတော့ဘဲ ခေါင်းပဲ ညိတ်ပြလိုက်တယ်။ ကိုယ့်အိမ်‌တော်ထဲမှာပဲဆိုလည်း ဧည်သည်တွေနဲ့တွေ့ဖို့ အဝတ်အစား ထွေထွေထူးထူး လဲမနေတော့ဘဲ ချင်းရှင်းခန်းမဆောင်ဆီ တန်းထွက်လာခဲ့လိုက်တယ်။

ရှဲ့ရွှမ်းချန်ရဲ့ အိမ်တော်ကို ဝဲ၊ ယာ၊ ဗဟိုဆိုပြီး သုံးနေရာ ခွဲထားတယ်။ စည်းရိုးတွေနဲ့ ခွဲထားတာတော့ မဟုတ်ပေမဲ့ တစ်ခုနဲ့တစ်ခုကြား အဆင့်သတ်မှတ်ချက်နဲ့ စည်းမျဉ်းတွေက တော်တော် တင်းကျပ်တယ်။ ပင်မလမ်းမကြီးက အဖြောင့်အတိုင်းရှိပြီး အိမ်တော်တစ်ခုလုံးထဲမှာ အာဏာအရှိဆုံးပဲ။ ပင်မလမ်းမကြီးရဲ့ တစ်ဖက်တစ်ချက်မှာ ပွဲကျင်းပရာကွင်းပြင်ရှိပြီး အရှေ့နဲ့အနောက်မှာ အိပ်ခန်းတွေလည်း ပါဝင်တယ်၊ အရှေ့ဂိတ်၊ ထုံးတမ်းစဉ်လာဂိတ်၊ ခေါင်းလောင်းမျှော်စင်နဲ့ ပွဲကျင်းပရာကွင်းပြင်တို့တွေကိုက အိမ်တော်ရဲ့ အခမ်းအနားကြီးတွေမှာမှ သုံးတာ ဖြစ်တယ်။ ချင်းရှင်းခန်းမဆောင်၊ ယွီလင်ခန်းမဆောင်နဲ့ ကျင်းတျယ်ခန်းမဆောင်တွေက ပွဲကျင်းပရာကွင်းပြင်ရဲ့ အနောက်ဘက်မှာ တည်ရှိပြီး အိမ်တော်သခင်တွေ နေထိုင်ရာနေရာလည်း ဖြစ်တယ်။

ဒါပေါ့ အလယ်ဗဟိုမှာရှိတဲ့ ပင်မဆောင်ကို တရားဝင်ဇနီးဖြစ်တဲ့ ဝမ်ဖေးကသာ အသုံးပြုနိုင်တယ်။ ယွီလင်ခန်းမဆောင်က မုမင်ထန်နဲ့ ရှဲ့ရွှမ်းချန်တို့ နေတဲ့ နေရာပဲဖြစ်တယ်။ ယွီလင်ခန်းမဆောင်မှာ အခန်းခုနှစ်ခုနဲ့ အလွှာ သုံးဆင့်ရှိပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံတယ်။ ဗဟိုနေရာကလွဲရင် ကျန်တဲ့နေရာမှာ ရှိတဲ့ အဆောက်အအုံတွေက မျဉ်းဖြောင့်အတိုင်း မရှိချေ။ အနောက်ဘက်မှာ ခြံဝင်းအများအပြား ရှိပြီး ခန်းမဆောင်တွေ၊ သိုင်းလေ့ကျင့်ရာကွင်းပြင်တွေ၊ လက်နက်လေ့ကျင့်ရာ ကွင်းပြင်တွေနဲ့ မြင်းဇောင်းရှိတယ်။ အရှေ့ဘက်ကတော့ ပျော်ပါးဆော့ကစားဖို့နေရာ ဖြစ်တယ်။ ပန်းဥယျာဉ်တွေ၊ ရေအိုင်လေးတွေ၊ ရေကူးဖို့ ရေကန်တွေအပြင် အဲဒီခေတ်အဲဒီအခါရဲ့ လက်ရာမြောက် ထပ်ခိုးထပ်ပါတဲ့ ခန်းဆောင်တွေပါ ဆောက်လုပ်ထားကာ တောင်ပိုင်း ယန်ဇီမြစ်အနီးက ဥယျာဉ်တွေအတိုင်းပဲ ဖြစ်တယ်။

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now