အပိုင်း - ၁၃ ( အကြောင်းရင်းမရှိပါဘဲ အရမ်းကို စေတနာကြွယ်နေတယ် )
{ လျှို့ဝှက်အကြံအစည်တစ်ခုခု ရှိရမယ် }
"ယွင်နန်မှာရှိတဲ့ မြောင်ကျန်းဂိုဏ်းတစ်ဂိုဏ်းကဓားပြတွေကို ချေမှုန်းရာဖို့ ဆန်းမန်မြို့ကို လာကူညီမှာတဲ့လား "
ထိုစကားကိုကြားတော့ မုချင်းရှန်းတွေဝေသွား၏။ ဝမ်းလျိုနျဲန်က သူ့အားကြည့်လာသည်။
"ဒါက ကျိုးကြောင့်သင့်လျော်မှုမရှိဘူးလို့ ကိုယ်ရေးအရာရှိလည်း ထင်နေတယ်မလား"
"ဒါက ကျိုးကြောင်းဆီလျော်မှုမရှိရုံတင် မကဘူး၊ လုံးဝကို ယုံကြည်ချင်စရာမကောင်းတာ"
အရူးတစ်ယောက်ရဲ့ ရူးကြောင်ကြောင်စကားတွေနဲ့ကို တူနေတာ။
ဝမ်းလျိုနျဲန် ခေါင်းညိတ်လိုက်သည်။
"မင်းပြောတာ မှန်တယ်။ အစိုးရနဲ့ သိုင်းလောကဂိုဏ်းတစ်ခုခု ပူးပေါင်းပြီး အလုပ်လုပ်တယ်ဆိုရင် ဒါက အတော်လေးကို ကျိုးကြောင်းခိုင်လုံတဲ့ အခြေအနေအောက်မှာပဲ ပူးပေါင်းကြတာများတယ်။ အခု မုမျိုးရိုးဂိုဏ်းက အကြောင်းရင်းမရှိဘဲ အရမ်းကို ရစေတနာကြွယ်နေတာဆိုတော့ လျှို့ဝှက်ထားတဲ့အကြံတစ်ခုခုရှိရမယ်"
"စာထဲမှာရော ရှင်းရှင်းလင်းလင်း ရေးထားသေးလားဟင်"
"ဟင့်အင်း၊ ရေးမထားဘူး။ ငါတို့သာ ဆန္ဒရှိရင် ပြန်စာရေးပြီး ပို့လိုက်ပါတဲ့၊ နောက်နှစ် နွေဦးချိန်ခါရောက်ရင် မုမျိုးရိုးဂိုဏ်းက ဆန်းမန်မြို့ကို အြမန်ဆုံး ရောက်လာပါ့မယ်လို့ပဲ ရေးထားတယ် "
မုချင်းရှန်းက စာကိုယူလိုက်ကာ တစ်ခေါက်ဖတ်ကြည့်လိုက်သည်။
"သခင်ကြီး ဘယ်လိုစဥ္းစားထားလဲ၊ တစ်ဖက်လူက စိတ်ရင်းအမှန်နဲ့ ပြောလာသလိုပဲ"
"အဆောတလျင် ဆုံးဖြတ်စရာ မလိုပါဘူး။ ပြီးတော့ ဒီလိုမျိုး သိုင်းလောကနဲ့ပတ်သက်နေတဲ့ကိစ္စတွေဆို ခံတပ်သခင်ရှန့်ဆီကနေ အကြံဉာဏ်အရင်ယူတာ အကောင်းဆုံးပဲ"
"ဘာအကြောင်း အကြံဉာဏ်ယူချင်လို့လဲ"
ရှန့်ယွင်ကျယ်က တံခါးကိုတွန်းဖွင့်ပြီး ဝင်လာသောအခါ နားစွန်နားဖျားကြားသွားမိ၏။