အပိုင်း- ၁၅၄ ( အမှန်တရား ပေါ်မလာရင် )(ရောက်လာတာနဲ့ ဟုန်ကျာလန်ကို လုယူသွားတာဆိုတော့ ပေးထားတဲ့ကတိအတိုင်း မတည်လောက်ဘူး)
"အမတ်မင်းက ဒီအကောင်လေးကို ပေးဖို့ အလိုမတူဘူးပေါ့"
သွမ့်ပိုင်ယွဲ့ မေးလာ၏။
အေးလေ၊ အလိုမတူဘူး!!!!
ဝမ်းလျိုနျဲန်က ခေါင်းခါပြလာကာ အရိပ်တပ်သားများကပါ ကူညီပေးရန် အသင့်ပြင်လိုက်သည်။
ကျွန်တော်တို့ရဲ့အမတ်မင်းက သူကိုယ်တိုင်မွေးတဲ့ သားအရင်းလို တယုတယ ကျွေးမွေးယုယလာတာနော်!!!!! ခုနေပြန်မပေးရင် ဓားပြတိုက်ယူနေတဲ့ သဘော သက်ရောက်သွားမယ်နော်!!!!!
သွမ့်ပိုင်ယွဲ့က ဇိမ်ပြေနပြေပင် ဆက်ပြောလာ၏။
"အမတ်မင်းက ဧကရာဇ်နဲ့အတူ မကြာခဏ ညစာစားတတ်တယ်လို့ ကြားတယ်"
အင်း၊ စားတယ်လေ။
သို့သော် ဝမ်းလျိုနျဲန်ဘက်မှ ပါးစပ်မဟရသေးခင် အရိပ်တပ်သားများက သူ့ထက်ငါအရင် အလုအယက် ပြောလာကြ၏။ ဧကရာဇ်က အမတ်မင်းကို လွန်စွာမှ ချစ်ခင်မြတ်နိုးေတာ်မူကြောင်း၊ ညစာစားဖို့အတွက် နန်းတော်ထဲ ဆင့်ခေါ်တတ်ရုံတင်မက နန်းတွင်းစားတော်ချက်ကိုပါ ဝမ်းစံအိမ်သို့ လွှတ်ပေးလာမည်လုပ်ကြောင်း၊ ညကြီးမိုးချုပ်သည့်တိုင် အလုပ်ကိစ္စ ဆွေးနွေးတတ်ကြသည်မို့ နန်းတော်ထဲတွင်ပင် ညအိပ်ညနေတည်းရသည့် အကြိမ်ရေလည်း မနည်းလှကြောင်း၊ ထို့ကြောင့် အမတ်မင်းအား စော်ကားမော်ကားလုပ်ရန် မတွေးသင့်ကြောင်း တရစပ်ပြောလိုက်သည်။
သွမ့်ပိုင်ယွဲ့က သေတ္တာအဖုံးအား အသံထွက်သည့်အထိ ဆောင့်ပိတ်လိုက်ကာ အတင်းလုပ်ယူထားသောအပြုံးနှင့် မေးလာပြန်သည်။
"ဟုတ်လား"
သေတ္တာထဲရှိ ကျင်းကျာလန်မှာ ဟိုဟိုဒီဒီ လျှောက်ပြေးနေ၏။
မပျော်တော့ဘူး၊ အထဲမှာ ပိတ်လှောင်ခံနေရတယ်!!!!
ကျန်ဟုန်ကျာလန်လေးကမူ ပက်လက်လေးလှန်ကာ ပေါတောတောလေးသာ လျှောက်ကစားနေမြဲ။ ကျန်သော ဟုန်ကျာလန်သံုးေကာင်ကလည်း သူ့ဘေးနား လိမ်လိမ်မာမာ လှဲလိုက်ကြကာ အချင်းချင်း၏ခြေလက်များအား တို့ထိကျီစယ်နေကြသည်။