အပိုင်း - ၅၂ ( ငါ့စကားကို နားမထောင်လိုက်နဲ့၊ ပေါက်တတ်ကရတွေ ပြောနေတာမို့ပါ )

4.6K 919 222
                                    


အပိုင်း - ၅၂ ( ငါ့စကားကို နားမထောင်လိုက်နဲ့၊ ပေါက်တတ်ကရတွေ ပြောနေတာမို့ပါ )

( အားကိုးစရာမကောင်းသော ခေါင်းဆောင်ကျောက် )

"ဒါဆို မင်း ဒီထက်ပိုပြီး သတိထား၊ ငါ ထုပ်တန်းပေါ်ကနေ စောင့်ကြည့်နေမယ်"

"ထုပ်တန်း?"

ထိုစကားကို ကြားတော့ ဝမ်းလျိုနျဲန်က မျက်မှောင်ကြုတ်သွား၏။

"မပူပါနဲ့၊ မင်းကို ကတိပေးထားတဲ့အတိုင်း ငါ နေပါ့မယ်။ မုညီနောင်က ဉာဏ်နီဉာဏ်များတယ်ဆိုပေမယ့် တခြားလူတွေကလည်း မင်းကို ကာကွယ်ပေးကြမှာပါ "

ဝမ်းလျိုနျဲန်က ခေါင်းခါလိုက်သည်။

"အဲ့ကိ္စ္စ ​စိုးရိမ်တာ မဟုတ်ပါဘူး။ ခင်ဗျား အန္တရာယ်ဖြစ်မှာ စိုးလို့ရယ်"

"မင်းသာ ခဏခဏမော့မကြည့်ရင် တခြားလူတွေ ငါ့ကိုမြင်မှာ မဟုတ်ဘူး"

"အင်း၊ ဒါဆိုလည်း သတိထားဦး"

ကျောက်ယွဲ့လည်း ခေါင်းညိတ်လိုက်သည်။ ထို့နောက် ဝမ်းလျိုနျဲန်၏ အဝတ်များကို သပ်ရပ်အောင် ပြန်ညှိပေးလိုက်ကာ ထုပ်တန်းပေါ်သို့ တက်သွားလိုက်၏။

ဝမ်းလျိုနျဲန်လည်း အင်္ကျီလည်ပင်းအား မတ်နေအောင် ပြန်ပြင်လိုက်ကာ မုဝန့်လေနှင့် မုဝန့်ရှုန်တို့အား ဖိတ်ခေါ်လိုက်ရန် ဝန်ထမ်းတစ်ယောက်အား မှာကြားလိုက်သည်။

ထိုညီအစ်ကိုအား ပြန်ပို့ရန် အကြောင်းပြချက်ရှာနေသော ဟွားထန်မှာ ဝမ်းလျိုနျဲန်ဘက်မှ တွေ့ခွင့်ပြုမည်ထင်မထားသဖြင့် ထိုနှစ်ယောက်နှင့်အတူ အခန်းထဲ ဝင်လာလိုက်သည်။

"မုဂိုဏ်းချုပ်နှစ်ယောက်ပါလား"

ဝမ်းလျိုနျဲန်က ခေါင်းရင်းအား မှီထားလျက်သား။ မျက်နှာကလည်း ဖြူဖျော့နေကာ အတော်လေးအားနည်းနေသည်ဟန် ရပေသည်။

"အမတ်မင်း၊ မြန်မြန်ပြန်လှဲလိုက်ပါချေ"

အခန်းထဲသို့ဝင်လာသောအခါ မုဝန်လေမှာ အတော်လေးပင် အံ့အားသင့်သွားပေသည်။

ကျောက်ယွဲ့ကမူ ထုပ်တန်းပေါ် ထိုင်နေလျက်၊ ကျီ့ယွဲ့ဓားရိုးကို တိတ်ဆိတ်မြဲမြံစွာ ကိုင်ထားပေသည်။ သူ့ဖခင်ကို သတ်လိုက်သည့် လူသတ်ကောင်များက သူ့ရှေ့တွင် ရှိနေသဖြင့် သွေးရောင်လွှမ်းခဲ့သည့် အတိတ်နေ့စွဲများက ဒီရေလှိုင်းပမာ လျှံတက်လာ၏။ ထိုမှတ်ဉာဏ်များအား ပြန်အောက်မေ့လိုက်သောအခါ သူ့လက်ဖမိုးများရှိ သွေးကြောများပင် ဒေါသအရှိန်ကြောင့် ကြွတက်လာ၏။

ဓားပြဗိုလ်အား သိမ်းပိုက်ခြင်းDonde viven las historias. Descúbrelo ahora