အပိုင်း - ၁၃၉ ( အတော်ဆုံး ပညာရှိအမတ် )(အတော်ဆုံးပိုးကောင်နီ ဟုန်ကျာလန်)
မျက်နှာထားပြောင်းလဲသွားသော ချူယွမ်ကို ကြည့်ရင်း ယိုတာ့ယွီမှာ ပိုမိုကြောက်ရွံ့လာပေသည်။
"အရှင်မင်းမြတ်၊ အပြစ်ကြီးလှတဲ့ ဒီငယ်သားဟာ အမတ်မင်းဝမ်း ဘယ်ပျောက်သွားမှန်း တကယ်မသိရိုးအမှန်ပါဘုရား"
ချူယွမ်က လေးနက်ဩရှသောအသံဖြင့် ထပ်မေးလာပြန်၏။
"နန်းတွင်းထဲ မင်းတို့ဘက်တော်သား ဘယ်သူေတွရှိသေးသလဲ"
ယိုတာ့ယွီမှာ ကြောက်လန့်တုန်ယင်စွာ လျှောက်တင်လာ၏။
"အရှင်မင်းမြတ်ကို ပြန်လည်ဖြေကြားပါတယ်။ ချင်ချိုက ဘာပဲလုပ်လုပ် သတိကြီးလှတာမို့ ဒီအပြစ်သားကျွန်တော်မျိုး တကယ်မသိကြောင်းပါဘုရား"
"ယွင်သွမ့်ဟွန်နဲ့ ချင်ချို ၊ အခု ဘယ်မှာရှိေနသလဲ"
ယိုတာ့ယွီမှာ ဘာကိုမှ မထိန်ချန်မကွယ်ဝှက်ထားရဲတော့ပါချေ။
"ချင်ချိုကတော့ ဖုန်းရှိုးဆန်ဆိုင်မှာ ရှိနေပါတယ်။ ယွင်သွမ့်ဟွန်ကတော့ ချင်ချိုနဲ့ ဆက်ဆံရေးပြတ်စဲခဲ့တာကြာပါပြီ၊ ရွှေမြို့တော်ထဲ ရှိမေနနိုင်ကြောင်းပါဘုရား"
ချူယွမ်မှာ မျက်မှောင်အနည်းငယ်ကြုတ်သွား၏။
"ဆက်ဆံရေးပြတ်တောက်သွားပြီဆိုတာ ဘာကိုဆိုလိုတာလဲ"
"ဒီအပြစ်သားကျွန်တော်မျိုးကို စည်းရုံးသိမ်းသွင်းခဲ့တုန်းက ချင်ချိုကိုယ်တိုင် အဲ့လိုပြောခဲ့တာပါဘုရား"
ထိုအကြောင်းအား ပြန်လည်ပြောပြနေရင်းနှင့်မှ ယိုတာ့ယွီမှာ ပိုမိုတုန်ယင်လာခဲ့သည်။
"သူ မင်းကို ဘာတွေပြောလိုက်သလဲဆိုတာ ကိုယ်တော်မြတ်ဆီ တစ်လုံးမကျန် ပြန်ရွတ်ပြစမ်း!!!"
"မှ....မှန်လှပါဘုရား၊ မှန်လှပါ။ အဲ့တုန်းက သူပြောတာတော့ အရှေ့ပင်လယ်ထဲမှာ ခွန်အားကြီးတဲ့ စစ်တပ်တစ်ဖွဲ့ သူ ဖွဲ့စည်းထားနိုင်ပြီလို့ ဆိုပါတယ်။ အခု သူဟာ ရွှေတောင်ထိပ်မှာ စိုးစံနေရပြီမို့ သူ့ခွန်အားကို လျှော့မတွက်ပါနဲ့ ။ ပြီးတော့ ဒီတိုင်းပြည် - "