အပိုင်း - ၁၅၆ ( ပိုးစာအိမ်အား ခွာချခြင်း )(ရန်သူကို အနိုင်ယူဖို့ နည်းလမ်းတစ်ခုခုတော့ ရှာတွေ့နိုင်စမြဲပါ )
နောက်နေ့မနက်စောစောတွင် ဝမ်းလျိုနျဲန်က မင်းသားစံအိမ်တော်သို့ သွားလိုက်သည်။ ချူဟိန်က စစ်တပ်ထဲသွားရန် စီစဉ်ထားနေဆဲဖြစ်ရာ အိမ်တော်ထိန်းမှ ဝမ်းလျိုနျဲန်ရောက်လာသည့်အကြောင်း လာပြောပြသောအခါ မျက်မှောင်ကြုတ်သွားရသည်။
"ဘာကိစ္စ ဖြစ်ထားေသးလဲ"
အိမ်တော်ထိန်းမှ မဝံ့မရဲဖြေလာ၏။
"မပြောတတ်ပေမယ့် ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူးထင်ပါတယ်ခင်ဗျာ ။ ကျွေ့ယင်နန်းကလူတွေပါ လိုက်လာတာမို့"
ချူဟိန်မှာ ပို၍ပင် မှန်းဆရခက်သွားသည်။ ဤရက်ပိုင်းအတွင်း မိမိ၏ပေါ့ဆမှုကြောင့် ပြဿနာတက်လေပြီလား။
ဘေးနားရှိ ချူချိန်မှ မေးလာ၏။
"အဖေ သူ့ကို မတွေ့ချင်ရင် ကျွန်တော်ပဲ သွားတွေ့လိုက်ရမလား"
ချူချိန်မှ ခေါင်းခါလာ၏။
"သူတို့က ဧကရာဇ်ဘက်ကေန လွှတ်လာတဲ့လူတွေဆိုတော့ ထွက်မတွေ့ချင်တိုင်း ထွက်မတွေ့ဘူးလို့ လုပ်လို့မရဘူး။ သွားကြည့်ရအောင်ပါ"
ဝမ်းလျိုနျဲန်နှင့် အဖွဲ့သားများမှာ ခန်းမထဲတွင် လက်ဖက်ရည်ထိုင်သောက်နေသည်။ တစ်ဖက်တွင်လည်း ချူမျံန်အား အကျိုးအကြောင်းသွားပြောပြေနသူလည်း ရှိ၏။
"အမတ်မင်းဝမ်း တကယ်ရောက်လာတာလား?"
ထိုစကားကိုကြားတော့ ချူမျဲန်မှာ ထိတ်လန့်သွား၏။
"ဟုတ်ပါတယ်ခင်ဗျာ။ အရှင်မင်းသားကလည်းနော်၊ ဘာလို့ အဲ့လိုရူးမိုက်မိုက်လုပ်ရပ်မျိုး လုပ်လိုက်တာလဲ ။ အမတ်မင်းကို အသာထား ၊ ထန်ယွင်ရဲတိုက်သခင်ကို အဲ့လို သွားမဆွကောင်းဘူးလေ"
အစေခံလေးက ညည်းညူပြစ်တင်လာ၏။
ချူမျဲန်သည်လည်း စိတ်ညစ်ညူးနေသည်။ မိမိမှာ အမတ်မင်းဝမ်းနောက် အမြဲလိုက်ပါခစားရသည့် မုချင်းရှန်းအား မနာလိုသဖြင့် လူရမ်းကားတစ်သိုက်ကို ရှာကာ သင်ခန်းစာနည်းနည်းပါးပါး ပေးခိုင်းလိုက်ေစခြင်းသာ ဖြစ်၏။ တာ့ခွန်းမြို့မှာ မိမိတို့ကြီးစိုးရာနေရာဖြစ်ကာ ထိုလူရမ်းကားများမှာ လောကအကြောင်း နှံ့စပ်ခြင်းလည်း မရှိပါဘဲ တစ်နယ်တစ်ကျေးမှလာသူကို သင်ခန်းစာပေးချင်ရုံသာ။ ဗိုလ်ကျခွင့်လည်းရသလို ပိုက်ဆံလည်း ရသေးသည်မို့ ချူမျဲန်၏ကမ်းလှမ်းမှုအား ခံယူကာ ရေပုံးဆွဲပြီး အနိုင်ကျင့်ရန် ထွက်သွားခြင်းပါပေ။ သို့သော် မိမိတို့မှာ ကျားမြီးဆွဲမိလေပြီတည့်။ ဤသို့သောကိစ္စမျိုး ဖြစ်လာမှတော့ ချုမျဲန်မှာ ထိုလူရမ်းကားများကို မဆိုထားဘိ၊ သူ့ကိုယ်သူကိုပင် မကာကွယ်နိုင်တော့ပါချေ။