အပိုင်း - ၅

8.5K 1.4K 139
                                    

(ညီညွတ်ခြင်းနှင့် ပျော်ရွှင်မှုတို့ကို ဆောင်ကြဥ္းလာခဲ့သော စာအုပ်ငယ်)

[ခေါင်းဆောင်ကို အသုံးပြုနည်းအသစ်]

ဆန်းမန်မြို့၏ တောင်စဥ်တောင်တန်းများမှာ နိမ့်တစ်ချီ မြင့်တစ်လှည့်။ မြို့သူမြို့သားများကလည်း ထိုတောင်တန်းများပေါ်တွင် ဓားပြများရှိကြသည်ဟုသာ သိထားကြကာ ထိုဓားပြများက ဂိုဏ်းဂဏများ၊ အစုအဖွဲ့များ ကွဲပြားနေကြသည်ကိုမူ မသိကြပေ။ ထို့အပြင် သူတို့ အကြောက်ရွံ့ဆုံးဖြစ်သော ကျောက်ယွဲ့ဆိုသူက ခိုးဆိုးလုနှိုက်ဖို့ မဆိုထားနှင့်၊ တောင်အောက်သို့ပင် ဆင်းမလာခဲ့ဖူးမှန်းလည်း မသိကြချေ။

"နောက်တစ်ဆင့် ဘာလုပ်ကြမှာလဲခင်ဗျာ"

လုကျွေးက မေးလာ၏။

"သူ လုပ်ချင်တာတွေသာ လုပ်နေပလေ့စေ"

ကျောက်ယွဲ့က စားပွဲကို ခေါက်လိုက်ရင်း ဆက်ဆိုသည်။

"ငါတို့ ကြားဖြတ်ပြီး တစ်ခုခုထလုပ်လိုက်ရင်တောင် ပုံတူတွေက ဆန်းမန်မြို့တစ်မြို့လုံး ပျံ့နေပြီလေ။ ပြီးတော့ အစိုးရက ဘာတွေ ဆက်လုပ်ဖို့ စီစဥ်ထားမှန်း ငါတို့တွေမှ မခန့်မှန်းနိုင်တာ"

ထို့ကြောင့် ဘေးအကင်းဆုံးသော ဗျူဟာသည်ကား ဆက်ပြီး စောင့်ကြပ်ကြည့်ရှုနေရန်သာဖြစ်သည်။ ယခုလိုအချိန်မျိုးတွင် ငနုံငအ ,များကသာ တောင်အောက်သို့ ဆင်းသွားကြလိမ့်မည်။

လုကျွေးက ခေါင်းညိတ်လိုက်ကာ -

"ဆန်းမန်မြို့ထဲမှာလည်း ကျွန်တော်တို့ ညီနောင်တွေ ရှိနေတာပဲ။ ပြဿနာဖြစ်မယ့် အရိပ်အယောင်တွေ ပေါ်လာရင် သတင်းမြန်မြန်ရစေရပါမယ်"

*****

"မွှေးလိုက်တာ ~"

မီးဖိုချောင်ကို ဖြတ်အသွား ၊ မုချင်းရှန်း၏ ခြေလှမ်းများ ရပ်ဆိုင်းသွားကာ တားမနိုင်ဆီးမရ ခေါင်းလေးတိုးကာ အထဲကြည့်လိုက်သည်။

"ကိုယ်ရေးအရာရှိလေးပါလား"

ဒေသခံဖြစ်ဟန်ရသော ယောက်ျားတစ်ဦးက မီးမွှေးနေလျက်ရှိရင်း မုချင်းရှန်းကိုမြင်တော့ ထရပ်ကာ နှုတ်ဆက်လိုက်သည်။

ဓားပြဗိုလ်အား သိမ်းပိုက်ခြင်းWhere stories live. Discover now