အပိုင်း - ၅၈ ( အစိုးရဘက်က သေချာပေါက် ဝင်မနှောင့်ယှက်ပါဘူး ){ ကြင်ဖက်အဖြစ် မပေါင်းဖက်ရသေးခင် ထုံးတမ်းဓလေ့တွေကို သိနေတာ အံ့ဩစရာပဲ}
မုစံအိမ်သားများ ပြန်ထွက်သွားသည်နှင့် ဝမ်းလျိုနျဲန်လည်း နဖူးပေါ်တင်ထားသည့် ပုဝါကို ယူကာ နေမကောင်းဖြစ်သည့်အသွင်ပေါက်အောင် မျက်နှာပေါ် လိမ်းခြယ်ထားသည့် အရာများအား သုတ်လိုက်၏။ ကျောက်ယွဲ့နှင့် အခြားသူများကလည်း အခြားတံခါးပေါက်မှ ဝင်လာခဲ့ပေသည်။
ဟွားထန်ကမူ မရယ်မိဘဲ မနေနိုင်တော့။
"စောနကအဖြစ်ကို ခေါင်းဆောင် မမြင်လိုက်ရဘူးနော်။ မုညီနောင်နှစ်ယောက်ရဲ့ မျက်နှာပေးက တကယ်ကို ကြည့်လို့ကောငးချက်ပဲ"
လုကျွေးလည်း ရယ်မောလိုက်ကာ ဆိုသည်။
"မမြင်လိုက်ရပေမယ့် စကားအခွန်းတိုင်း ကြားလိုက်ရပါတယ်ဗျာ။ ဒီတစ်ခါတော့ ထပ်ပြန်လာဖို့ ကြာဦးမယ်ထင်တယ်။ အမတ်မင်းကတော့ တကယ္ကိုပဲ ထက်မြက်လှပါပေတယ်၊ တခြားလူတွေ အနိုင်လာယူလို့ လုံးဝမရနိုင်ကြောင်းပါ"
အရိပ်တပ်သားများ လုကျွေးအား စိတ်ထဲမှ ကြိတ်ပြီး အပြစ်တင်လာကြ၏။
ဒီထက်ပိုပြီး ရိုရိုကျိုးကျိုး ပြောသင့်တယ် မထင်ဘူးလားဟမ်။ အမတ်မင်းက မဆိုစလောက်လေး တုံးတယ်ဆိုပေမယ့် တကယ်ထက်မြက်သွက်လက်ပါတယ်နော်။ စကားလုံးပေါင်း ရှစ်ထောင်မက ဝေါဟာရကြွယ်စွာနဲ့ ချီးကျူးညွှန်းဖွဲ့ခံရသင့်တယ်မဟုတ်လား။ သူက ခေါင်းဆေင်ကျောက်အပိုင် လူသား ဖြစ်နေပြီးတဲ့ဟာကို။
မရီးဆိုတာ အမေတစ်ယောက်လိုပဲတဲ့!!!
ဆိုရိုးစကားတောင် ရှိသေးတာကို။
"သူတို့ကို ဘာလို့ တောင်ပေါ် တက်သွားခွင့်ပြုလိုက်သလဲ "
ကျောက်ယွဲ့မှာ အနည်းငယ်တွေဝေနေသည်။ စောနက အချိန်မရသဖြင့် သူ အသေးစိတ် မမေးလိုက်ရ။
ဝမ်းလျိုနျဲန်က ဆို၏။
"မုစံအိမ်သားတွေကို တောင်ပေါ်တက်ခွင့်ပြုလိုက်တာက အကျိုးဆက်နှစ်ခုပဲ ဆက်ဖြစ်လာစရာ ရှိတယ်။ သူတို့နှစ်ဖွဲ့က တစ်ဖွဲ့တည်းမဟုတ်ရင် အချင်းချင်းတိုက်ခိုက်ကြလိမ့်မယ်၊ ဒါဆိုရင် အစိုးရအတွက် အကျိုးအမြတ်ရမယ်".