အပိုင်း - ၁၈၄ ( အမတ်မင်းဝမ်း ဘယ်သွားတာလဲ )( တာ့ချူရှိ အတော်ဆုံးလူသား၏ မြောက်များလှစွာသော အရည်အချင်း )
ဝမ်းလျိုနျဲန်၏နည်းလမ်းမှာ သဘာဝမကျသော်ငြား သေချာတွေးလိုက်ပါလျှင် ကြိုးစားကြည့်၍တော့ ရသည်။ ထို့ကြောင့် ထိုနေ့မွန်းလွဲပိုင်းတွင် အရိပ်တပ်သားများက ဂီတသံစဉ်စာရွက်များ သွားရှာကာ အကောင်းစားကျောက်စိမ်းပုလွေတစ်ခုပါ ဝယ်ပြီး ဝမ်းလျိုနျဲန်ထံ လာပေး၏။
ထိုသံစဉ်မှာ အတော်လေးနာမည်ကြီးသော်ငြား ရှက်စရာကောင်းသော ညုတုတုစာသားများ ပါသည်မို့ ဝမ်းလျိုနျဲန်မှာ သီချင်းလေ့ကျင့်ရန် အိမ်ထဲရှိ ချောင်အကျဆုံးနေရာတစ်ခုကို မနည်းရှာရသည်။ ရေတွင်းပျက်ထဲသို့ပင် ခုန်ဝင်မည်လုပ်ေနရာ ရယ်ရခက်ငိုရခက်ဖြစ်သွားရှာသည့် ကျောက်ယွဲ့မှာ သူ့အား အမြန်တားဆီးထားရ၏။
"တောင်ပေါ် ခေါ်သွားပေးရမလား"
"ဟုတ်၊ ကောင်းတယ်"
ဝမ်းလျိုနျဲန်မှ ခေါင်းတဆတ်ဆတ် ညိတ်ပြလာသည်။ သို့မဟုတ်ပါက မိမိမှာ ကျန်းနန်သို့ အထုပ်အပိုးဆွဲပြီး ချက်ချင်းပြန်သွားရတော့မလား မသိသည်မို့။
ကျောက်ယွဲ့က စီးတော်မြင်းဟေးဖုန်းကို ယူလာကာ သူ့အာ မြို့ပြင်သို့ ခေါ်ဆောင်ေပးသွား၏။
ပင်လယ်ကမ်းစပ်ဒေသရှိ တောင်တန်းများမှာ ပြည်မရှိေတာင်တန်းများနှင့် သိပ်တော့မကွာ။ တက်ရလွယ်သောအမြင့်ပေမျိုးသာဖြစ်ကာ ကျောက်ဆောင်ကျောက်ခဲကြီးများ ပေါများ၏။ နှစ်ယောက်သားမှာ အတန်ကြာလျှောက်သွားနေကာ နောက်ဆုံးတော့ အေးမြပြီး သီးသန့်ဆန်သည့်၊ ရှုခင်းလည်း အတော်လှသည့်နေရာတစ်နေရာအား ရှာတွေ့သွားကြ၏။ ဝမ်းလျိုနျဲန်က ကျောက်ဆောင်ကြီးတစ်ခုပေါ်ထိုင်လိုက်ကာ ကျောက်စိမ်းပုလွေအား ထုတ်ကာ ဆယ့်ရှစ်ပါးသောထိတွေ့မှုအား လေးနက်စွာ မှုတ်ကြည့်လာ၏။
ကျောက်ယွဲ့၏ရင်ထဲ ရှုပ်ထွေးသွားလို့။
သုံးလေးကြိမ်မျှ လေ့ကျင့်အပြီး ဝမ်းလျိုနျဲန်မှ မေးလာသည်။