အပိုင်း - ၁၈၁ ( ရေသူထီးေပါက်စ ကောက်ရခြင်း )
( မကောင်းတာလုပ်ရင် နောက်ဆက်တွဲဆိုးကျိုးဆိုတာ ရှိတယ်)
ညချမ်းယံ၏ပင်လယ်ပြင်မှာ မင်နက်ပမာ အဆုံးအစမဲ့ မှောင်မည်းနေ၏။ ကောင်းကင်ပြင်တွင်လည်း ကြယ်နှင့်လ ရှိမေနပါ။ ကမ်းစပ်ပေါ် ရိုက်ခတ်လာသော လှိုင်းလုံးများကသာ တိတ်ဆိတ်မှုအား ဖြိုခွင်းနေ၏။
တာ့ချူ၏ ရိက္ခာဖြည့်လှေမှာ တိတ်ဆိတ်စွာ ကျောက်ချရပ်နားကာ မနက်ချိန်ခါ ထွက်မည့်ခရီးအတွက် ပြင်ဆင်နေကြသည်။ အမှောင်ထုကြီးစိုးလာသည်နှင့် အနက်ရောင်အရိပ်နှစ်ခုက လှေရှိရာနား တိတ်ဆိတ်စွာချဉ်းကပ်လာကာ ကြောင်နက်နှစ်ကောင်ပမာ လျင်မြန်သွက်လက်လှသဖြင့် မျက်တောင်တစ်ခတ်အတွင်းမှာပင် လှစ်ခနဲလှစ်ခနဲ ပျောက်သွား၏။
လှေပေါ်ရှိ ရိက္ခာပမာဏကမူ အတော်ေလးများပြားကာ ရှောင်လင်ကျီ၏ စကားအတိုင်း ရေချိုရေသန့်သိုလှောင်ထားသည့် ရေစည်ပိုင်းများအား အမြန်ပင် ရှာတွေ့ခဲ့ကြသည်။ အရွယ်ရောက်ပြီးသားယောက်ျားတစ်ယောက် ပုန်းဖို့ လုံလောက်သည့်အရွယ်အစားပါပေ။
ကျောက်ယွဲ့မှ ဆို၏။
"ဆန်ဆီစပါးပမာဏကို ကြည့်ရသလောက် ပေ့ရှားပင်လယ်ကွေ့မှာ လူေတာ်ေတာ်များမယ့်ပုံပဲ။ အစစအရာရာ သတိထားရအောင်"
ကျိုးမုပိုင်လည်း ခေါင်းညိတ်လိုက်ကာ စည်ပိုင်းတစ်ခုထဲ ဝင်ပုန်းလိုက်သည်။ အေရှ့အရပ်တွင် နေထွက်လာသည်နှင့် လှေသူကြီးက ကျောက်ချထားသည်ကို ပြန်နှုတ်ကာ ကမ်းစပ်မှ ပြန်လည်ထွက်ခွာခဲ့သည်။ ထို့နောက် မြူခိုးများဖုံးအုပ်နေသော ပေ့ရှားပင်လယ်ကွေ့ဆီ ဦးတည်ထွက်ခွာလာခဲ့၏။
လှေဝမ်းခန်းထဲ အလင်းရောင်မရှိသဖြင့် ကြာချိန်ကို စိတ်မှန်းဖြင့်သာ တွက်ချက်မှတ်သားရသည်။ ခုနစ်နာရီရှစ်နာရီခန့် ကြာပြီးသောအခါ ရိက္ခာလှေက ကျောက်ချရပ်နားလိုက်၏။ အစောင့်ရဲမက်များ၏ ခေါင်းဆောင်ဖြစ်ဟန်ရသူက ရှေ့သို့လျှောက်လှမ်းလာကာ ကျယ်လောင်စွာ မေးလာ၏။
"သတ်မှတ်ရက်ထက် ဘာလို့ တစ်ရက်တိတိ နောက်ကျနေတာလဲ"
လှေသူကြီးက ခုန်ဆင်းလိုက်ကာ ေဖြလာသည်။