အပိုင်း - ၁၈၉ ( တာ့မင်ဝမ်၏ သား )
ညဉ့်နက်ပိုင်း လူခြေတိတ်ချိန်ဝယ်။
ချူယွမ်က လက်ထဲရှိစာအုပ်ကို ချထားလိုက်သည်။ အနည်းငယ် ပင်ပန်းနေဟန်လည်း ရလို့။ အပြင်ဘက်တွင် လေကောင်းလေသန့်သွားရှူရန် ထွက်အလာ ယဲ့ကျင်မှ ဒုန်းစိုင်းဝင်ရောက်လာ၏။
ချူယွမ်မှာ အနည်းငယ်အံ့ဩသွား၏။
"ဘာလို့ အနားမယူသေးတာလဲ။ နောက်တောင်ကျနေပြီ"
ယဲ့ကျင်က သူ့အား ပန်းကန်လုံးတစ်လုံး ပေးလာ၏။
"အနားယူရမယ့်အချိန်ဆိုတာ ခင်ဗျားလည်း သိနေတာပဲ။ သောက်ပြီးရင် အိပ်တော့"
"ငါးဟင်းရည်လား"
ချူယွမ်က ဇွန်းနှင့် နှစ်ချက်မွှေလိုက်ကာ မေးလာသည်။ ယဲ့ကျင်က ဘေးနားတွင် ဝင်ထိုင်လာ၏။
"ဆူးတွေ ဖယ်ထားေပးပြီးပြီ။ ချီဓာတ်ပြန်ပြည့်စေတဲ့ ဆေးလည်း ထည့်ချက်ခားတယ်။ ပူနေတုန်းသောက်မှ ပိုကောင်းမှာ "
ချူယွမ်က ဟင်းရည်သောက်လိုက်ပြီးနောက် သတိပေးလာ၏။
"နှစ်ဖက်စစ်တပ် ရင်ဆိုင်ရတော့ ကျိန်းသေပေါက် အထိအခိုက်များမှာပဲ။ မင်းပဲ ဒိုင်ခံလိုက်ကုပေးရမှာကို ကိုယ်တော်စိုးတယ်။ အခုကစပြီး မီးဖိုခန်းကကိစ္စတွေ ခဏထားလိုက်။ အပင်ပန်းသိပ်မခံနဲ့"
ယဲ့ကျင်မှာမူ ခေါင်းမာလှသည်။ နောင်တော်ဖြစ်သူကိုလည်း ဂရုတစိုက် ပြုစုပေးချင်သေးသည်မို့ သိပ် လက်မခံချင်ပါ။
ချူယွမ် ပြုံးလိုက်ကာ ညီဖြစ်သူ၏ အဝတ်အစားများအား သေသပ်အောင်ပြင်ပေးလိုက်ပြီးေနာက် ပြောလာ၏။
"ပြန်သွားနားတော့။ ခဏနေရင် ချန်းဖုန်း လိုက်လာရှာနေရဦးမယ်"
ယဲ့ကျင် မျက်မှောင်ကြုတ်သွား၏။
"ခင်ဗျားရော မအိပ်ဘူးလား"
"စစ်ရေးစစ်ရာကိစ္စတချို့ ကြည့်ပေးဖို့ကျန်သေးတယ်၊ သိပ်ေတာ့မများဘူး"
စကားမဆုံးသေးခင်မှာပင် ညီဖြစ်သူက အင်္ကျီလက်ကိူ ခေါက်တင်နေကြောင်း မြင်လိုက်ရရာ ချူယွမ်လည်း ပါးနပ်စွာ ပြောလာ၏။