အပိုင်း- ၁၆၄ ( ရှေးဟောင်းနှောင်းဖြစ် )
"ဘာလဲ၊ မခေါ်ချင်ဘူးလား"
ဝမ်းလျိုနျဲန်၏ တုံ့ဆိုင်းနေေသာဟန်ပန်ကို မြင်ရသည့်အခါ ဟိုင်ဟွားနျဲန်က မကျေမနပ် မေးလာ၏။ ဝမ်းလျိုနျဲန်က သူမအား တည်ကြည်လေးနက်စွာ ကြည့်လာကာ ရိုးသားစွာပင် ေဖြလိုက်သည် ။
"ကြင်နာသနားမှုအတွက် ကျေးဇူးပါ၊ မြိုင်နန်းသခင်။ ဒါပေမယ့် မိဘနှစ်ပါးရဲ့ သားဖြစ်သူအဖို့ သူတပါးအပေါ် ဒါမျိုးခေါ်ဖို့က လိပ်ပြာမသန့်လို့ပါ။ ဘိုးဘေးဘီဘင်တွေ ပြောခဲ့တဲ့အတိုင်း၊ လက်ဦးဆရာ မိနဲ့ဖဆိုတာက - "
"အေးပါ၊ အေးပါ၊ အေးပါ "
ဟိုင်ဟွားနျဲန်မှာ သူ့အား အမြန်တားလိုက်ရကာ အခက်တွေ့စွာ ညည်းညူလာသည်။
"ဘာလို့ မင်းကပါ မင်းအဖေစာဂျပိုးလို ဖြစ်လာတာလဲ။ ဘိုးဘေးတွေပြောတဲ့အတိုင်း အမြဲကို လိုက်နာနေတော့တာပဲ"
ဝမ်းလျိုနျဲန်ကမူ သူမအား အူတူတူပုံစံလေးနှင့်သာ ပြန်ကြည့်လာရာ ဟိုင်ဟွားနျဲန်မှာ အော်ရယ်မိသွားသည်။
"ပြောပါဦး၊ ငါ့ကို မွေးစားေမမေလို့ ခေါ်ခိုင်းရုံပဲကို ဘာလို့မခေါ်နိုင်တာလဲ"
"အနည်းဆုံးတော့ မြိုင်နန်းသခင်နဲ့ ကျွန်တော့်အဖေကြားက ဆက်ဆံရေးကို သိထားမှ ခေါ်လို့ရမှာပါ"
ကျွန်တော့်မေမေကို ဘာလို့ မကြည်ကြောင်း အပါအဝင်ပေါ့ ။
အဲ့လိုအချိန်မျိုးရှိမှန်း တစ်ခါမှတောင် မပြောပြကြတာကို။
ဟိုင်ဟွားနျဲန်က သက်ပြင်းချလိုက်ကာ ဆိုသည် ။
"မင်းအဖေက အကြင်နာတတ်ဆုံး စာရူးပေရူးပဲ။ အဲ့အချိန်တုန်းက သူသာ ငါ့ကို ရန်သူလက်ထဲကနေ ကယ်မပေးရင် ဒီနေ့ထက်ထိ ငါ အသက်ရှင်နေနိုင်မှာမဟုတ်ဘူး"
"အယ်၊ အဲ့လိုဖြစ်ရပ်မျိုး ရှိတယ်လား?"
ဝမ်းလျိုနျဲန်မှာ အံ့ဩသွားသည်။
"ဒါပေမယ့် မြိုင်နန်းသခင်က သိုင်းပညာအရာထူးချွန်တဲ့လူလေ"
ကျွန်တော့်အဖေဆို ကြက်သတ်တာတောင် ဘေးကနေ ရပ်ကြည့်ရဲတဲ့ သတ္တိခဲမဟုတ်ဘူး။ ဘယ်လိုလုပ်ပြီး လူတစ်ယောက်ကို ဝင်ကယ်နိုင်မှာတဲ့လဲ။