အပိုင်း - ၁၈၇ ( မင်းသား(၉) ခေါင်းမာမှန်း တာ့ချူတစ်တပ်လုံး သိကြတယ် )

2.2K 385 49
                                    


အပိုင်း - ၁၈၇ ( မင်းသား(၉) ခေါင်းမာမှန်း တာ့ချူတစ်တပ်လုံး သိကြတယ် )

ညစာမှာ အရသာပေါ့ပါးသော ပုဇွန်ခေါက်ဆွဲ၊ ကြက်ဥပြုတ်၊ ဟင်းသီးဟင်းရွက်နှင့် အသားစဉ်းကောဖြစ်သည်။ အစာကြေလွယ်သော်ငြား နန်းတွင်းစားတော်ချက်ကမူ ဆားနည်းနည်းထပ်ထည့်ဖို့ရန်ပင် ဆန္ဒမရှိသည့်ဟန်ပါပေ။

ဝမ်းလျိုနျဲန်မှာ တံခါးကိုမှီကာ အနောက်တောင်အရပ်အား ငေးကြည့်ရင်း ကျွေ့ယင်နန်းတုန်းက အမှတ်တရများအား အောက်မေ့နေ၏။ ကြေးနီအိုးဖြင့်ချက်သော အသားကင်၊ ချဉ်ချဉ်စပ်စပ်အမဲစဉ်းကော စသဖြင့် ကဗျာဖွဲ့ဆို၍ပင်မမီသော မြိန်ယှက်မှုများ။

"အမတ်မင်း"

ထိုစဉ် မုချင်းရှန်းက ရှောင်လျို့ကျီ၏လက်ကို ဆွဲကာ ရောက်လာသည်။

"မနက်ဖြန် မြို့ထဲ တံငါသည်တွေရဲ့ရိုးရာဂီတပွဲရှိတယ်။ အတော်လေးစည်ကား‌မယ်လို့လည်း ပြောနေကြတာမို့ အမတ်မင်းနဲ့ခေါင်းဆောင်ကျောက်ရော အတူတူ လိုက်မလား"

ဝမ်းလျိုနျဲန် ခေါင်းခါလိုက်သည်။

"မသွားတော့ဘူး"

"အယ်၊ ဘာလို့လဲ"

မုချင်းရှန်းမှာ အနည်းငယ်တွေဝေသွားရသည်။ စိတ်လှုပ်ရှားစရာလေးများအား ပါဝင်ဆင်နွှဲတတ်သည့် အမတ်မင်းဝမ်း၏ ယခင်ပုံစံနှင့် တူမနေသည်မို့။

"အဲ့ကိုသွားလည်း ဘာမှစားလို့မရဘူးလေ "

ဒီတိုင်း စုဝေးပွဲပဲဟာ၊ အသားကင်တွေအများကြီး ရှိနေလောက်ပေမယ့်ပေါ့။

မုချင်းရှန်း၏မျက်ဝန်းထဲ စာနာမှုများပြည့်လျှံနေလို့ ။

ရုတ်တရက်ဆိုသလို ဝမ်းလျိုနျဲန်က ရင်မောစွာ သက်ပြင်းချလာ၏။ မုချင်းရှန်း တွေဝေသွားသည် ။

"ဟင်း၊ ကိုယ်ရေးအရာရှိကို တကယ် မနာလိုဘူး"

"ဘာလို့လဲဟင်"

"ဘာလို့လဲဆို အသင့်ကို တွေ့တဲ့လူတိုင်းက အစားများများစားနော်လို့ချည်း ပြောကြတာ။ ပန်ကွမ်းကိုဆို ဟိုးငယ်ငယ်ကတည်းက ခုထက်ထိ ဘယ်သူကမှ အဲ့လို လာမပြောဖူးဘူး"

ဓားပြဗိုလ်အား သိမ်းပိုက်ခြင်းWhere stories live. Discover now