အပိုင်း - ၁၅၇ ( ဂိုဏ်းချုပ်ရှန်၏ မယုံကြည်နိုင်စရာကောင်းလှသော အစွမ်းအစ)
(သူ စလှုပ်ရှားတာနဲ့ မိုးကောင်းကင်ကြီးကပါ ပြိုကျတလာတာ)
"အမတ်မင်းဆီမှာ ပြောင်မြောက်တဲ့စိတ်ကူးတစ်ခုခု ရှိထားပြီးသားလားခင်ဗျာ"
ရှန့်ယွင်ကျယ် မေးလာသည်။ ဝမ်းလျိုနျဲန်မှ ဖြေ၏။
"တကယ်တော့ အဲ့အကြံက ဘာမှ သိပ်မရှုပ်ထွေးပါဘူး။ တာ့ခွန်းမြို့ကို စစရောက်လာတုန်းကဆို ချူဟိန်က ကျွန်တော်တို့ကိုပါ စန်းချီလန့်ဘက် သွားကြည့်စေချင်သလားလို့လေ"
ယဲ့ကျင်မှ ခေါင်းညိတ်ထောက်ခံလိုက်သည်။
"အမှန်ပဲ။ ဒီအရှေ့ပင်လယ်မှာ စစ်ပွဲတွေ တကယ်ပြင်းထန်တာမို့ တာ့ခွန်းမြို့ကို ပျက်စီးယိုယွင်းစေကြောင်း၊ ပြည်သူတွေ ဆင်းရဲနွမ်းပါးတာဟာ အဲ့ကနေ မြစ်ဖျားခံလာကြောင်း၊ သူ အလုပ်မလုပ်လို့မဟုတ်ကြောင်း ပြချင်နေတယ်လို့ ထင်တယ်"
ဝမ်းလျိုနျဲန်မှ ဆက်ဆို၏။
"အခု စန်းချီလန့်ကိစ္စလည်း မပြီးသေးတော့ သူ ဆန္ဒရှိတဲ့အတိုင်း ကျွန်တော်တို့လည်း ပင်လယ်ပြင်ဘက် သွားကြည့်ကြရအောင်။ အဲ့မှာတင် ပင်လယ်ဓားပြတွေကို တစ်ခါတည်းအပြီးချေမှုန်းလိုက်မယ်"
"အသေးစိတ် ထပ်ရှင်းပြပေးလို့ရမလား"
ကျန်သူများအားလုံး တွေဝေသွားကြသည်။ ကျွေ့ယင်နန်းမှ အရိပ်တပ်သားလေးများပင် ကြောင်တောင်တောင်လေးဖြစ်သွားကြလို့။
ပုံပြင်ပြောရင်တောင် အစကေနအဆုံး ဇာတ်လမ်းရှိတယ်မလား။ ဒီလိုမျိုး စတာနဲ့ အဆုံးသတ်လိုက်လို့ မရဘူးလေ။
ဝမ်းလျိုနျဲန်မှ ဖြေဆိုလာ၏။
"ဂိုဏ်းချုပ်ရှန်က သိုင်းပညာအရာမှာ ကျွမ်းကျင်ေပြာင်ေမြာက်လှသလို ရေကြောင်းစစ်ပွဲတွေနဲ့လည်း မစိမ်းသက်ဘူး။ သခင်ကြီးရှန့်အတွက်လည်း ဒီစကားက မှန်ကန်နေပါလိမ့်မယ်။ ချူဟိန်က ကျွန်တော်တို့ကို ပင်လယ်ဘက်သွားကြည့်ခွင့်ပေးတယ်ဆိုတာ သူ့ရဲ့ပိုင်နက် ဖြစ်နေလို့ ၊ ပြီးတော့ အဲ့ဒီတစ္ဆေသင်္ဘောကြီးတွေကို ကိုယ်ယောင်ေဖျာက်ပေးတဲ့ မြူခိုးထုတွေပါ ရှိသေးတယ်။ ဒါကြောင့် ကျွန်တော်တို့ အဲ့ကို သွားလိုက်ရင်လည်း ဘာသဲလွန်မှ ရမှာမဟုတ််ဘူးဆိုတော့ သူ့အတွက် အသာစီးရတဲ့ အခြေအနေပဲ"