အပိုင်း - ၁၄၀ ( ကောင်းချီးမင်္ဂလာလေလော ကြမ္မာဆိုးလေလော)

2.3K 495 52
                                    


အပိုင်း - ၁၄၀ ( ကောင်းချီးမင်္ဂလာလေလော ကြမ္မာဆိုးလေလော)

( မည်သူကမှ သေချာတပ်အပ် မ‌ေပြာနိုင်ပါပေ)

လျိုမေနန်းဆောင်မှာ လွန်ခဲ့သော ရာစုနှစ်အနည်းငယ်ကတည်းက တည်ဆောက်ထားခဲ့ခြင်းဖြစ်ကာ ချစ်လှစွာသောမိဖုရား လျိုလော့အတွက် ဧကရာဇ်ကျိုးဝမ်ချွီမှတည်ဆောက်‌ေပးစေခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင်မူ လျိုမိသားစုမှာ မှားယွင်းစွပ်စွဲခံခဲ့ရကာ မိဖုရားလျိုလော့မှာ ချစ်မြတ်နိုးမှု မခံယူရတော့ပါ။ ကောလဟာလဟူသည် ချွန်ထက်လှသော ဓားသွားပမာဖြစ်ရာ စိတ်ထောင်းကိုယ်ကြေဖြစ်သွားသော မိဖုရားလျိုမှာ မိုးသည်းသောညတစ်ည၌ ကြိုးဆွဲချခြင်းဖြင့် သူမကိုယ်သူမ အဆုံးစီရင်ခဲ့၏။ ထိုအချိန်မှစ၍ လျိုမေနန်းဆောင်မှာ နာမည်ဆိုးဖြင့်ကျော်ကြားသော ထိတ်လန့်သည်းဖိုဖွယ်ရာနေရာဖြစ်လာကာ ပေါင်းပင်မြက်ပင်များက သစ်ပင်တစ်ပင်နီးနီး မြင့်မားစွာ ထူထပ်သိပ်သည်းနေလျက်ရှိ၏။ ထိုအဖြစ်မှာ မိဖုရားလျိုလော့၏ အငြိုးအာဃာတကြောင့်ဖြစ်မည်ဟုလည်း အားလုံးက ယူဆခဲ့ကြကာ နောက်ပိုင်း ချူမင်းဆက် အုပ်စိုးသောအခါ လျိုမိသားစု၏ အဖြစ်အား စိတ်မကောင်းဖြစ်ခဲ့သဖြင့် နောင်လာနောက်သားများကိုလည်း ဆိုးရွားသောတစ်ဆင့်စကားများအား မယုံကြည်ကြစေရန် ဥပမာပြုသောအားဖြင့် ထိုနန်းဆောင်အား ပကတိအတိုင်းသာ ချန်ထားခဲ့သည်။ သို့နှင့် အချိန်ကာလမှာ ရေအလျဉ်ပမာ စီးဆင်းရွေ့လျောသွားခဲ့ကာ ချူယွမ် နန်းတက်သောခေတ်တွင် ထိုနန်းဆောင်အား အများက မေ့မေ့ပျောက်ပျောက်ပင် ဖြစ်နေခဲ့ပေ၏။ ကြာကြာနေတစ်ခါ လမ်းကြုံမှဖြတ်သန်းသွားမှ ထိုအဖြစ်ကို အောက်မေ့တတ်ကြသည်။

အနှီနှစ်ပေါင်းရာကျော်ကာလဝယ် လျိုမေ့နန်းဆောင်အား အကြိမ်များစွာ ပြင်ဆင်မွမ်းမံခဲ့ကာ လျို့ဝှက်ဥမင်များကိုလည်း အခါခါ ပြင်ဆင်ပြောင်းလဲခဲ့ကြသည်။ မှတ်တမ်းမှတ်ရာများကလည်း လွန်စွာမှ များပြားလှရာ တောင်တမျှပံုအောနေသည့် ဤစာရွက်စာတမ်းများမှတစ်ဆင့် လျိုမေနန်းဆောင်၏ လျို့ဝှက်ဥမင်အား ရှာရန်မှာ လုံးဝပင် မလွယ်ကူပါချေ ။

ဓားပြဗိုလ်အား သိမ်းပိုက်ခြင်းNơi câu chuyện tồn tại. Hãy khám phá bây giờ