အပိုင်း - ၁၀ (စာဂျပိုးတွေက
ကြောက်ဖို့ကောင်းလွန်းတယ်)[သူတို့ကို လွယ်လွယ်လေး
သွားကြောလို့မရဘူး]ကျောက်မုလျှိုမြောင်ကို ပြန်ရောက်လာသောအခါ တောင်ဝတံခါး၌စောင့်နေကြသော အစောင့်များမှာ ကြောက်လန့်လွန်း၍ တုန်လှုပ်နေပြီဖြစ်သည်။
ခေါင်းဆောင်ရဲ့မျက်နှာကြီး မည်းတူးနေတာပဲ။ ဘာတွေများဖြစ်ခဲ့ကြတာလဲဟ။
ကြောက်စရာကြီး!!!!!!
လုကျွေးက ကျောက်ယွဲ့အတွက် ရေတစ်ခွက် လှမ်းပေးလိုက်သည်။
"မြို့စားမင်းရာထူး လာလက်ခံဖို့ မိုင်ပေါင်းထောင်ချီဝေးတဲ့နေရာကနေ ဆန်းမန်မြို့ဆီ နကူးတကလာခဲ့တာ ထောက်ရရင် ၊ အဲ့မြို့စားကိုက စုတ်တံအများကြီး ပိုင်ထားတဲ့လူ * ဖြစ်ပါလိမ့်မယ်။ စိတ်အနှောင့်အယှက်ဖြစ်နေစရာမလိုပါဘူး ၊ ခေါင်းဆောင် "
( * စုတ်တံအများကြီး ပိုင်ထားတဲ့လူ = သူများထက်တော့ ခေါင်းတစ်လုံးသာတဲ့ လူတော်တစ်ယောက်)
"အ့ဲစာဂျပိုးက စုတ်တံအများကြီး ရှိရုံတင်မကဘူး၊ စုတ်တံတွေကိုပါ ရောင်းစားနိုင်တဲ့လူပဲဆိုတာ ငါ သေသေချာချာပြောရဲတယ်"
ကျောက်ယွဲ့ဘက်က ခိုင်ခိုင်မာမာပြောလာတော့ လုကျွေးလည်း အံ့အားသင့်ပြီး သက်ပြင်းသာချလိုက်ရသည်။
"ခေါင်းဆောင် ဒီလောက်စိတ်ဆိုးတာကို မြင်ရဖို့ဆိုတာ တော်တော်ရှားတယ်"
ဟုတ်ပါသည်၊ ကျောက်ယွဲ့မှာ တကယ်ကိုပင် စိတ်တိုနေပြီဖြစ်၏။
ကျောက်ယွဲ့မှာ ကိုယ်ခံပညာတတ်ကျွမ်းသော ယောက်ျားသားများကြား ကြီးပြင်းလာခဲ့ရသောသူမို့ ၊ ရန်ဖြစ်အငြင်းပွားစရာရှိလာလျှင် လက်သီးချင်းထိုးကြိတ်သတ်ပုတ်ကြသော ပွဲလေးတစ်ပွဲဖြင့့် ကျေအေးသွားတတ်ကြ၏။ ယခုတော့ သူ၏တစ်ဖက်ရန်သူမှာ ချည့်နဲ့အားနည်းကာ ခွန်အားမရှိသော စာပေသမားတစ်ယောက်ဖြစ်နေပြီး ၊ ပြစ်မျိုးမှည့်မထင် စင်ကြယ်လှသော၊ ဣန္ဒြေသိက္ခာရှိဟန်ရနေသော လူတစ်ယောက်ဖြစ်နေ၏။