အပိုင်း - ၁၇၃ ( ကွင်းဆက် )
( ဘယ်တော့များမှ ငြိမ်းငြိမ်းချမ်းချမ်း နေရမှာလဲ )
"ဒီစာကို ဘယ်သူ သွားပို့ပေးမလဲ"
"ကျွန်တော်!!!!!"
ဝမ်းလျိုနျဲန်မှ မေးလာရာ အရိပ်တပ်သားများက တညီတညာတည်းပင် လက်ေထာင်ပြလိုက်ကြ၏။ သို့သော် ဝူယင်းက ထိုစာအိတ်အား လုယူလိုက်ကာ ထွက်ပြေးသွားပြီဖြစ်သည်။
ခုနေ မလစ်ရင် မဟန်ေတာ့ဘူး။ ဘာပဲပြောပြော နေ့တိုင်းနေ့တိုင်း မိန်းမပျိုလျိုနဲ့ "မတော်တဆ" တိုးပေါင်းများနေပြီ။ ဘယ်လိုမှ ကံကောင်းခြင်းလို့ မသတ်မှတ်နိုင်ဘူး!!!!
လျိုရှန့်နျဲန်ဘက်မှ လက်ထပ်ခွင့်ကမ်းလှမ်းလာခြင်းမှာ ရှန်ချန်းဖုန်းနှင့် ဆွေမျိုးတော်စပ်နိုင်ရန်ဖြစ်ကာ ၊ သို့မှသာလျှင် မိမိတို့မိသားစု အသက်ချမ်းသာရာရမည်ဖြစ်သည်ဟု ဆို၏။ ယခု ထိုအဖွဲ့တစ်ဖွဲ့လုံး မိမိအိမ်ဝန်းထိ လာရောက်တည်းခိုနေကြသည်ကို လျိုရှန့်နျဲန်မှာ အလွန်ကျေနပ်မိကာ လက်ထပ်ဖို့ကိစ္စ ခဏခဏပြောပြီး အနှောင့်အယှက်ေပးဖို့ထိ မတုံးအ။ အနည်းဆုံးတော့ မိမိဘက်မှ ထပ်ပြောလိုက်လျှင် ဝူယင်းလေးဘက်မှ ကြောက်လန့်ကာ ထွက်ပြေးသွားမည်လား မသိသည်မို့။ ထိုသို့သာဆိုလျှင် လုံးဝ မတန်တော့ပါချေ။
လျိုကျန့်ဝေမှာမူ ရှောင်လင်ကျီအား အရူးအမူး စွဲလမ်းနေကာ နေ့တိုင်းဆိုသလို အလုပ်ပြီးသည်နှင့် သူမဆီ လှစ်ခနဲပြေးသွားကာ ညစာကို အိပ်ခန်းသို့သာ လာပို့ခိုင်းသည့်နေ့ရက်သာ များနေတတ်၏။ နှမဖြစ်သူကမူ ဝူယင်းကို သဘောကျပါသည်ဟု ဆိုသော်ငြား သူမ၏ဖခင်ရော အစ်ကိုဖြစ်သူကပါ ထိုကိစ္စအား ဆက်မပြောကြတော့သဖြင့် ခံစားချက်များကို ထုတ်ဖော်ပြသရခက်သော သမီးအေနနှင့် စိုးရိမ်သောကများကို တစ်ယောက်တည်းသာ ဖိနှိပ်ချိုးနှိမ်နေရသည်။
ဤသို့နှင့် ဖင်းလန်ဂိုဏ်းထဲ တစ်နေ့တစ်ခြား အေးချမ်းငြိမ်သက်လာ၏။
"ဒီအတိုင်းကြီး ဒီထဲမှာပဲ တေမျှာ်တခေါ်ကြီး ဆက်နေမလို့လား"
ယဲ့ကျင်က ဝမ်းလျိုနျဲန်အား မေးလာသည်။ အကြောင်းမှာ ငါးဖြူမျှော်စင်ထဲ ရှန်ချန်းဖုန်း မကြာခဏ သွားထောက်လှမ်းသည့်တိုင် သဲလွန်စအသစ် ထပ်မတွေ့ရတော့သည်မို့။