အပိုင်း - ၁၄၂ ( နောက်ဆယ်ရက်နေရင် လက်ထပ်ကြမယ် )
( အရယ်ေလး ရပ်ပါဦး၊ အမတ်မင်း )
"ဘာတွေပြောနေကြတာလဲ"
ပြောပြောဆိုဆို ဝမ်းဖူးရန်က မုန့်တစ်ပန်းကန်နှင့်အတူ ရောက်လာသည်။
"မြည်းကြည့်၊ သားကြိုက်တဲ့ ကြက်သွန်မြိတ်မုန့်"
ဝမ်းလျိုနျဲန်က သူမအား နေရာထိုင်ခင်း ပေးလာ၏။
"မေမေ ၊ အရင်ရက်က ဘုန်းကြီးကျောင်းမှာ အလှူသွားလုပ်သေးတယ်ဆို။ အဆင်ပြေလား"
"လောလောဆယ် မြို့တော်ထဲက ပူကျောက်ဘုန်းကြီးကျောင်းမှာတော့ အကျိုးအကြောင်း ဆွေးနွေးထားပြီးပြီ။ ပြီးတော့ ကျန်းနန်ကိုပါ လူလွှတ်ပြီး လှူရေးတန်းရေးအတွက် ပြင်ဆင်စရာရှိတာ ပြင်ခိုင်းထားတယ်။ မင်းက ရွှေမြို့တော်မှာ အရာရှိဖြစ်နေမှတော့ နောင်အနာဂတ်ကျရင်လည်း အစစအရာရာ ချောမွေ့ဖို့ ၊ ဒီလိုအဖြစ်မျိုး ဆက်မဖြစ်ဖို့ ကောင်းမှုကုသိုလ်တွေ များများလုပ်ထားရမှာ "
"ဒါဆို နေ့ကောင်းရက်မြတ်ပါ တစ်ခါတည်းရွေးပေးခိုင်းလို့ ရလောက်မလား "
"သေချာတာပေါ့။ တစ်ခုခုလုပ်မယ်ဆိုရင် နေ့ကောင်းရက်မြတ်ဆိုတာ ရွေးရမှာပဲလေ၊ ဘာအတွက်တဲ့လဲ"
ကျောက်ယွဲ့ - "....."
ဝမ်းလျိုနျဲန်မှ ဖြေလိုက်သည်။
"လက်ထပ်ဖို့အတွက် နေ့ကောင်းရက်မြတ်ပါ"
ဝမ်းဖူးရန် အံ့ဩသွား၏။
"အို၊ ဘယ်သူ လက်ထပ်မလို့လဲ "
"သားပါ၊ သား လက်ထပ်မှာပါ"
"ဘာရယ်?"
ထိုစကားကိုကြားေတာ့ ဝမ်းဖူးရန်မှာ အလွန်ထိတ်လန့်သွား၏။
"ခုချက်ချင်းကြီး?"
"ဟုတ်ကဲ့၊ အခုချက်ချင်းပါ။ ဒီရက်ပိုင်း ကံဆိုးမိုးမှောင်မှုတွေ ဆက်တိုက်ကြုံလာရတော့ ပျော်ရွှင်ချမ်းေမြ့ေစမယ့်အရာကို နောင်တမရတမ်း ဆုံးဖြတ်လုပ်ေဆာင်ချင်ပါတယ် "
"သားတို့က... အချင်းချင်းတိုင်ပင်ထားပြီးသားလား"
ဝမ်းဖူးရန်က ကျောက်ယွဲ့အား ကြည့်လာ၏။