အပိုင်း - ၄၃ ( မြို့စောင့်နတ်ပေါ်လာတာ ကောင်းတဲ့ကိစ္စပါ )

4.4K 864 72
                                    


အပိုင်း - ၄၃ ( မြို့စောင့်နတ်ပေါ်လာတာ ကောင်းတဲ့ကိစ္စပါ )

( ကျွန်တော်တို့ရဲ့မြို့စားမင်းက မြို့သူမြို့သားတွေကို ရင်ဝယ်သားနဲ့မခြား ချစ်တာ )

မုချင်းရှန်းက ပြုံးလိုက်ကာ သူ့လက်အား ဖယ်လိုက်၏။ ရှန့်ယွင်ကျယ်က မုချင်းရှန်းမျက်နှာပေါ်ရှိ အိုးမည်းများအား သုတ်သင်သန့်ရှင်းပေးလာသည်။

"အာပေတူး ကြောင်လေး ဖြစ်သွားတာပဲ။ ခုချိန်ထိ ဘာလို့ မအိပ်သေးတာတဲ့လဲ"

"ဆေးဖက်ဝင် နံရိုးပြုတ်ဟင်းရည် ချက်ပေးနေတာ။ ညကျ ခံတပ်သခင် အဆာပြေသောက်ဖို့"

မုချင်းရှန်းက ထိုင်ရာမှ ထလိုက်သည်။ ရှန့်ယွင်ကျယ်က ထိုအိုးအား မီးဖိုပေါ်မှ ချလိုက်၏။မုချင်းရှန်းက ဗီရိုထဲမှ စားပွဲခင်း ထုတ်ရင်း မေးလာပြန်သည်။

"မုစံအိမ်ကလူတွေရော အခြေအနေဘယ်လိုရှိလဲ"

"သူတို့ကတော့ ရုတ်ရုတ်သဲသဲဖြစ်တာကို ထွက်သွားကြည့်ချင်တယ်။ ဒါပေမယ့် ငါ့ဆီကနေ အကြာကြီး အချိန်ဆွဲခံထားရတယ်။ ရှောင်ဝူလည်း ငါတို့ဘက် တစ်ချက်တစ်ချက် ခိုးကြည့်လာပါရဲ့၊ ဒီညတော့ အခြေအနေ ငြိမ်လောက်ပါသေးတယ် "

"ဒါက ရေရှည်အဆင်ပြေမယ့်နည်းတော့ မဟုတ်ဘူး။ အဲ့လူတွေ အပြင်ထွက်သွားမယ်လုပ်တိုင်း ခံတပ်သခင် သွားတားနိုင်မှာမှ မဟုတ်တာ။ ဘာပဲနေနေ ၊ ကျွန်တော်တို့လူတွေနဲ့ တစ်နေ့နေ့တိုးမှာပဲ"

"ဟုတ်ပါတယ်၊ ဒီနည်းက ခဏခဏသုံးနိုင်မှာတော့ မဟုတ်ဘူး။ ဒါပေမယ့် တစ်ခါနှစ်ခါတော့ ရပါသေးတယ်။ ပြီးတော့ လုကျွေးပြောသလိုပဲ၊ မုဂိုဏ်းချုပ်နှစ်ယောက်ရဲ့ခေါင်းက အမတ်မင်းလောက် အသုံးမကျပါဘူး။ မင်း အရမ်းစိုးရိမ်ဖို့ မလိုဘူး"

မုချင်းရှန်းက ခေါင်းညိတ်လိုက်ကာ သိချင်ဇောကြီးစွာ ထပ်မေးလာသည်။

"အခုရော မုဝန့်လေနဲ့ စကားပြောဖို့ ဘယ်လိုအကြောင်းပြချက်မျိုး ပေးလာတာလဲဟင်"

"ပြန်ပြောပြဖို့တောင် မတန်ပါဘူး။ သိပ်မသင့်တော်တဲ့ကိစ္စမို့လို့ "

ဓားပြဗိုလ်အား သိမ်းပိုက်ခြင်းWhere stories live. Discover now