အပိုင်း - ၉၀ ( အမတ်မင်းဝမ်း အငြိုးထားနေပြီ )

3.9K 731 47
                                    

အပိုင်း - ၉၀ ( အမတ်မင်းဝမ်း အငြိုးထားနေပြီ )

( တို့နှစ်ယောက်ရော ဘယ်တော့လက်ထပ်မှာလဲ )

ကျိုးဒင်ထျဲန်းသည်ပင် နှင်ထုတ်ခံရမှတော့ ကျန်သူများလည်း ရွေးချယ်စရာမရှိတော့ဘဲ ခေတ္တယာယီ လူစုခွဲလိုက်ရသည်။ သို့နှင့် လမ်းလျှောက်ပြန်လာကြစဥ် အရိပ်တပ်သားများက စိတ်အားထက်သန်စွာ အကြံပြုလာကြ၏။

"ခေါင်းဆောင်ကျောက် ဖျားချင်ယောင်ဆောင်မယ်ဆိုရင်ကော"

ကျွန်တော်တို့သခင်လေးကသာ စခန်းထဲမှာပဲ တစ်နေကုန်နေနေရင် ဂိုဏ်းချုပ်က ဒီနည်းနဲ့ ပြန်ချော့တတ်တယ်ဗျ၊ ရလဒ်ကလည်း လုံးဝလန်းတယ်။

ကျောက်ယွဲ့ကမူ -

"ကျေးဇူး"

မလိုဘူး။

အရိပ်တပ်သားများမှာ သူ့အား သနားစွာ ကြည့်လာသည်။ ထိုသူက လွန်စွာမှ ရိုးသားဖြောင့်မတ်လှကာ လူဆိုးလေးလုပ်ပြီး ဇနီးလေးအား အတင်းသိမ်းပိုက်မည့်ဇာတ်လည်း မကစားချင်ပါ။ လက်ဖွဲ့ငွေများကို အသားခြောက်များ ဝယ်ခြမ်းပစ်ရတော့မည်လား။ မည်သို့ပင်ဆိုစေ၊ လက်ဖွဲ့ရတော့မည် မဟုတ်သည်မို့။

ဤသို့တွေးမိလျှင် ငိုချင်လာပြီဖြစ်သည်။

ချိန့်လျဲ့ကမူ ကျားခေါင်းဂိုဏ်းလက်ကျန်နှင့် ချန်းမန်စန်းဆိုသူအား မြို့ပြင်အနှံ့ လူလွှတ်ရှာဖွေစေခဲ့သည်။ စစ်ပွဲကြီး မပြီးသေးသည့်တိုင်၊ ရုံးတော်မှ ​ကြေညာစာတမ်း မထုတ်ပြန်ရသေးသည့်တိုင်၊ မြို့သူမြို့သားများကမူ ဗုံမောင်းများတီးခတ်ကာ အောင်ပွဲခံနေကြပြီဖြစ်၏။ ဆန်းမန်မြို့မှာ သာယာအေးချမ်းမှု ပြန်လည်ရရှိပြီဖြစ်ကာ ရှေးလူကြီးများမျှွေလင့်ခဲ့ရသည့် အနာဂတ်နေ့ရက်များ တကယ်ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ဤနေ့ရက်များအကြောင်း တွေးလျှင် အိပ်မက်မက်နေသလားဟုပင် ထင်မှားနေမိကြ၏။

ဝမ်းလျိုနျဲန်က စာကြည့်ခန်းထဲမှ ထွက်လာကာ အားပါးတရ အကြောဆန့်လိုက်သည်။ ရုံးဝန်းထဲတွင် လွန်စွာမှ တိတ်ဆိတ်နေကာ အရိပ်တပ်သားများပင်လျှင် ရှိမနေပါချေ။

ဓားပြဗိုလ်အား သိမ်းပိုက်ခြင်းTahanan ng mga kuwento. Tumuklas ngayon