အပိုင်း - ၃၉ ( တောင်တန်းများကြားမှ လျို့ဝှက်အကြံဆိုး )

4.2K 864 22
                                    


အပိုင်း - ၃၉ ( တောင်တန်းများကြားမှ လျို့ဝှက်အကြံဆိုး )

{ မြူခိုးများကြား ထွက်ပေါ်လာသည့် ရုပ်သွင်လွှာ }

ကောင်းကင်ပြင်မှာ မကြာမီတွင်ပင် ညအချိန်အဖြစ် ထပ်ပြီး မှောင်မည်းလာပြန်၏။ ထိုသုံးယောက်လည်း ယမန်နေ့ညက လမ်းကြောင်းအတိုင်း ကျားခေါင်းဂိုဏ်းထဲသို့ အောင်မြင်စွာ ခိုးဝင်သွားကြပြန်သည်။

လေပြင်းတစ်ဖြတ် တိုက်ခတ်သောအခါ ကွယ်လွန်သူများအတွက် ရည်စူးသည့် ငွေစက္ကူစများက လေနှင့်အတူ မြောက်မြားစွာ ပါလာ၏။ အရိပ်တပ်သားက သုန်မှုန်နေသော မျက်နှာကြီးဖြင့် ပြောလာသည်။

"မဟုတ်မှလွဲ သူတို့ခေါင်းဆောင်ကပါ အဲ့ဖိုထဲ ဖောက်ခွဲခံရတာများလား"

ဒါဆိုရင်တော့ ပိုကောင်းတာပေါ့။

လုကျွေးက ဆိုသည်။

"သူတို့ပိုင်နက်က အတော်ကျယ်တယ်၊ ခေါင်းဆောင်ဖြစ်တဲ့ကောင် ဘယ်မှာရှိမှန်း ခုထက်ထိ မသိရသေးဘူး။ မနေ့ကတွေ့တဲ့ ကျန်းရှန်းလွီ့ရဲ့နေရာကိုပဲ သွားကြည့်ရအောင်ပါ"

ကျောက်ယွဲ့လည်း ထိုစကားကို သဘောတူလိုက်ကာ ထိုနေရာမှ ထွက်သွားကြမည်ပြုသည်။ သို့သော် သူတို့ရှေ့မှသည် ဂိုဏ်းသားတစ်ဖွဲ့က အလျင်စလို ပြေးသွားကြသည်ကို မြင်သောအခါ ထိုသူတို့၏ နောက်မှသာ လိုက်လာခဲ့လိုက်၏။

အိမ်တစ်ခုနှင့် ခြောက်သွေ့သော သစ်တောတစ်နေရာအား ဖြတ်သန်းလာပြီးနောက် ကြီးမားသော သင်္ချိုင်းဂူတစ်ခုသို့ ရောက်ရှိလာသည်။ ထိုနေရာတွင် ​မြေပုံများ၊ အရိုးများပြည့်နှက်နေကာ အမျိုးစုံလှသော အဆိပ်ရှိသတ္တဝါများပါ တရှဲရှဲဖြင့် နှေးကွေးစွာ မြေပေါ် သွားလာနေကြသည်။

အရိပ်တပ်သားမှာ နှုတ်ခမ်းထောင့်လေး လှုပ်တုတ်လှုပ်တုတ်ဖြစ်သွား၏။

တကယ့်ကို ငရဲခန်းကြီးပဲ။ မဟုတ်မှ ငါ တကယ် သေသွားပြီလားဟင်။

ကျောက်ယွဲ့က ပြောသည်။

"ရှေ့ကို ဆက်သွားလို့မရတော့ဘူး။ ဒီရှေ့ကတောမှာ ကျီးနက်တွေ အများကြီးပဲ၊ သူတို့ လန့်သွားရင် ဆူညံနေအောင် အော်ကြလိမ့်မယ်"

ဓားပြဗိုလ်အား သိမ်းပိုက်ခြင်းDove le storie prendono vita. Scoprilo ora