အပိုင်း - ၁၅၉ ( ချစ်သူ )(ပန်းနွယ်မာလာများ ပွင့်လန်းဝေဖြာခြင်း )
"အမြန်ဆုံးဆိုရင်တောင် အသွားအပြန်ခရီးက နှစ်လကြာမှာဆို၊ ဘာလို့များ - "
ရှေ့မှောက်ရှိ ချစ်ရသူကို ကြည့်ရင်း ဝမ်းလျိုနျဲန်မှာ သူ့ကိုယ်သူ အိပ်မက်မက်နေသည်ဟုသာ ခံစားေနရ၏။
"ဆရာက ကိုယ့်ကို လော့ယင်းကျွန်းထိ ခေါ်မသွားဘူး။ အရှေ့ပင်လယ်ထဲက လူသူကင်းမဲ့တဲ့ ကျွန်းတစ်ကျွန်းပေါ်ပဲ ခေါ်သွားတယ်။ အဲ့နေရာမှာ သဘာဝရေခဲဂူ ရှိနေတော့ ကိုယ်တွင်းတေဇောဓာတ်ကို ငြိမ်းအေးစေနိုင်တယ်"
"လူကြီးမင်းရော ခင်ဗျားနဲ့ ပြန်လိုက်မလာဘူးလား"
"ဆရာက လော့ယင်းကျွန်း ပြန်သွားနှင့်ပြီ။ အားလုံးနဲ့ နှစ်သစ်ကူးပွဲတော် ဆင်နွှဲချင်တယ်လို့ ပြောလာတယ်။ ကိုယ်လည်း ဆယ့်ငါးရက်ကျနေရင် မင်းနဲ့အဖော်လာလုပ်ဖို့ ပြန်လာဦးမယ်။ အချိန်ကျလာတာနဲ့ မင်းကို လာကြိုမယ့်လှေတစ်စင်းရှိမယ်နော်"
"သိုင်းေလ့ကျင့်ရတာ ပင်ပန်းနေပြီလား"
ဝမ်းလျိုနျဲန်က ချစ်သူ၏ပါးပြင်အား ထိတွေ့လာသည်။
"ပိန်သွားတယ်"
ကျောက်ယွဲ့ ခေါင်းခါလိုက်၏။
"မပင်ပန်းပါဘူး။ မင်းအကြောင်း တွေးလိုက်တာနဲ့တင် ကိုယ် မပင်ပန်းတော့ပါဘူးလေ"
ဝမ်းလျိုနျဲန်လည်း သူ့အား တစိမ့်စိမ့်ကြည့်ကာ ပြုံးလာ၏။ ကျောက်ယွဲ့လည်း ထိုနှုတ်ခမ်းများအား လွမ်းမောတမ်းတစွာ ငုံ့နမ်းလိုက်လေသည်။
နေ့စဉ်ရက်ဆက်ဆိုသလို ထိုကျွန်းပေါ်တွင် သိုင်းလေ့ကျင့်ခြင်းမှလွဲလျှင် ထိုသူ့ဆီကိုသာ ပြန်လာနိုင်ဖို့ရာ ရည်မျှော်တမ်းတမိသည်။ ခွဲခွာလိုက်ခါမှသာ မည်မျှထိ နက်ရှိုင်းစွာ ချစ်ကျွမ်းဝင်နေမှန်း၊ မည်မျှပင် ပြင်းပြစွာ လွမ်းဆွတ်နေခဲ့မှန်း သိသာထင်ရှားလာပေတကား။
စားပွဲထက်တွင်မူ ဟုန်ကျာလန်ငါးကောင်ရှိကာ ခြေလက်လေးများလှုပ်ရင်း ထိုနှစ်ယောက်အား ဝိုင်းကြည့်နေကြသည်။