အပိုင်း - ၁၃၄ ( အမတ်မင်းကျန်းကို ဒီငယ်သား ကူညီလိုပါတယ်)(စားရာမုန့်မရှိရင်တောင် အလုပ်ဆက်လုပ်ရမှာပဲပေါ့လေ)
အတော်စိတ်ညစ်သွားဟန်ရသည့် သူ့မျက်နှာကို မြင်သောအခါ ချူယွမ်မှာ မေနသာတော့ပါ။
"အိုက်ချင်း တကယ်စားချင်တယ်ဆိုရင်လည်း - "
"မစားချင်ပါဘူးဘုရား"
ဝမ်းလျိုနျဲန်မှာ ရင်ထဲ မွန်းကျပ်ကာ နေရခက်သွား၏။
ချူယွမ်ကမူ ကျန်စကားတစ်ဝက်ကို ဆုံးအောင် ဆက်ပြောလိုက်၏။
"ဒီမနက်မှာတင် စားဖိုဆောင်က တာ့တုန့်ဝမ် ပို့လာတဲ့ ဟင်းအမယ်ဆွေနဲ့ ရေညှိဟင်းချိုချက်ထားတယ်"
ဝမ်းလျိုနျဲန် - "....."
ဩ.....
ချူယွမ်လည်း ခေါင်းတခါခါလုပ်ရင်း ပြုံးလိုက်ကာ ဟင်းချိုယူလာပေးပါရန် အမှုထမ်းများအား မှာကြားလိုက်၏။
"အိုက်ချင်းရော ဘာအကြောင်းရှိလို့ နန်းတော်ထဲရောက်လာပါသလဲ"
"အရေးကြီးကိစ္စပါဘုရား။ အရင်ရက်တုန်းက ကျွန်တော်မျိုး လာရောက်လျှောကါတင်ဖူးတဲ့ ဖန်းကျားမြို့က မုန့်ဆိုင်ပိုင်ရှင် ဇနီးမောင်နှံအကြောင်း မှတ်မိတော်မူရဲ့လားဘုရား"
"စစ်တပ်ရိက္ခာခြောက်လုပ်တတ်တယ်ဆိုတဲ့ တစ်ယောက်။ အင်း၊ ဘာ ထပ်တွေ့လာလို့လဲ"
"ထန်ယွင်ရဲတိုက်သခင်ရဲ့ ကျေးဇူးကြောင့် မေန့တုန်းက အဲ့လူဆိုးနှစ်ယောက်ကို အောင်မြင်စွာ ဖမ်းဆီးနိုင်ခဲ့ပါတယ်ဘုရား"
ဝမ်းလျိုနျဲန်က အသံနှိမ့်ကာ ဆက်ဆိုလိုက်၏။
"ချူဝမ်နဲ့ ပတ်သက်နေပုံ ရပါတယ်တဲ့"
"ဘယ်လို?"
ထိုစကားကိုကြားတော့ ချူယွမ် ချက်ချင်း မျက်မှောင်ကြုတ်သွား၏။
"ဒီငယ်သား အမှုစစ်ဆေးထားပြီးကြောင်းပါ။ တစ်ချက် ဖတ်ရှုကြည့်တော်မူပါဘုရား"
ဝမ်းလျိုနျဲန်က အစီရင်ခံစာအား လက်နှစ်ဖက်ဖြင့် ရိုရိုသေသေ ဆက်သလာသည်။