အပိုင်း - ၁၉၂ ( ရေကြောင်းတိုက်ပွဲ ၊ အပိုင်း - ၂ )( မှောင်မိုက်နေသော အနာဂတ်လော၊ တောက်ပနေသော အနာဂတ်လော)
တစ်ဖက်ရှိ မှိန်ဖျော့ဖျော့အလင်းရောင်မှာ များသထက်များလာသည်။ အစပိုင်းတွင် ထူးဆန်းသောမီးရောင်များဟုသာ ထင်ထားခဲ့ပေမင့် အမှန်တကယ်တော့ သားရဲတိရစ္ဆာန်များ၏ မျက်လုံးများသာ ဖြစ်နေခဲ့ပေသညါ။
"ဘာကြီးလဲ"
ယဲ့ကျင် မျက်မှောင်ကြုတ်သွားသည် ။ ထိုသတ္တဝါများမှာ အတော်လေးအရပ်ရှည်ကာ သာမန်သားရဲနှင့်လည်း မတူကြပါ။
တာ့ချူလေးသည်တော်များက လေးနှင့်မြားအား အဆင်သင့်ချိန်ရွယ်ထားကြ၏။ မြားတံမှာ လရောင်အောက် အေးမြမြေငွပြာရောင် ရောင်ပြန်ဟပ်နေလို့။ အင်မတန်မှ အဆိပ်ပြင်းသော ပစ္စည်းများနှင့်လည်း သုတ်လိမ်းထားပါသေးသည်။
"အရှင်မင်းမြတ်"
ရှန်ချန်းဖန်းမှ ဆို၏။
"တစ်ဖက်မှာ ထူးဆန်းတဲ့သတ္တဝါတွေ များသထက်များလာပါတယ်ဘုရား။ အရေအတွက်က တစ်ရာမကလောက်ဘူး၊ များသထက်များလာမယ့် အရိပ်အယောင်လည်း ရှိနေပါတယ်"
ချူယွမ်က ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်သည်။
"အမြောက်နဲ့ပစ်ကြ!!!!"
အမြောက်ကြီးဆယ်ခုအား တစ်ပြိုင်နက်တည်း ပစ်ခွင်းလိုက်သောအခါ နားများပင်ထိုင်းတော့မတတ်ဖြစ်သွား၏။ ကျောက်ဆောင်များသည်လည်း ကွဲကြေကုန်ကာ ကျောက်သားအပဲ့များ၊ မြေမှုန်များမှာ မိုးဖွဲပမာ ပင်လယ်ထဲ ရွာကျလာ၏။ တစ်ဖက်ကလည်း အမြောက်များဖြင့် ပစ်ခတ်လာရာ ပင်လယ်ပြင်ထက်တွင် သွေးရောင်များလွှမ်းသွားခဲ့ပေသည်။
"ဒါက...."
မီးရောင်ပိုလင်းလာမှုကြောင့် ယဲ့ကျင်မှာ တစ်ဖက်ရှိအခြေအနေအား ထင်ရှားစွာ မြင်လိုက်ရသည်။ ထိုအစိမ်းရောင်မျက်လုံးအောက်ဝယ် မျက်နှာသွင်ပြင်သေချာမရှင်းလင်းသော ခက်ထန်သည့် ပုံပျက်ပန်းပျက်မျက်နှာများရှိကာ ၎င်းတို့၏အရေပြားမှာလည်း ငွေရောင်လို ပြောင်ချောနေသဖြင့် သရဲမိစ္ဆာများနှင့်ပင်တူနေသည်။ ယဲ့ကျင်မှာ ထိုအကောင်များကို ကြည့်ရင်း ကျောချမ်းလာပေ၏။