အပိုင်း - ၇၃ ( ခိုးရာလိုက်ပြေးခြင်း )

5.2K 956 252
                                    


အပိုင်း - ၇၃ ( ခိုးရာလိုက်ပြေးခြင်း )

( ချောမောလှတဲ့ သခင်လေးကျောက်က လူ့ဘုံလောကပေါ် ဆင်းသက်လာခဲ့ပြီ )

နောက်နေ့မနက်ရောက်သောအခါ ဝမ်းလျိုနျဲန်မှာ ခြံဝန်းထဲရှိ ကျေးငှက်သာရကာများ၏အသံကြောင့် မျက်လုံးဖွင့်လာသည်။ ထို့နောက် အညောင်းအညာဆန့်ကာ ဘေးနားရှိလူအား ဖက်လိုက်ပြီး ဟိုဟိုဒီဒီပွတ်သပ်လာ၏။

အရမ်းနွေးတာပဲ.....

ကျောက်ယွဲ့ကမူ အနည်းငယ် ရှက်သွားပြီ၏။

ယောက်ျားတစ်ယောက်ဖြစ်နေသည်မို့ မနက်ခင်းနိုးလာတိုင်း ခန္ဓာကိုယ်က အနည်းငယ် ထိန်းရချုပ်ရခက်နေသည်မှာ မလွှဲမရှောင်သာသော ဖြစ်ရိုးဖြစ်စဥ်ကိစ္စ ဖြစ်နေသည်ပင်။ မနေ့ညတုန်းက အရှိန်တက်ရင်းတန်းလန်း ရပ်တန့်ထားလိုက်ရသည့်အပြင် ယခုထိ အဝတ်မကပ်သည်ကိုပါ ထည့်မပြောလိုတော့ပါ။ ယခုလည်း သူ့ခါးပေါ် ပတ်ထားသည့်တဘက်ကိုပါ အရိပ်သော်မျှ မမြင်ရ။

ဝမ်းလျိုနျဲန်က ပျင်းရိစွာ သမ်းဝေလာ၏။

"မင်္ဂလာနံနက်ခင်းပါ"

"အင်း၊ မင်္ဂလာနံနက်ခင်းပါ"

ဝမ်းလျိုနျဲန်က ကျောက်ယွဲ့၏ရင်ခွင်ထဲ မျက်နှာအပ်ထားလိုက်ကာ ဆိုလာသည်။

"မထချင်သေးဘူးရယ်~"

"ဒါဆိုလည်း ခဏလောက် ဆက်အိပ်"

ဝမ်းလျိုနျဲန်က သူ့အနားနီးအောင် ပို၍တိုးကပ်လာပြန်သည်။

ကျောက်ယွဲ့ - "....."

ဝမ်းလျိုနျဲန်၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တောင့်ခဲသွားကာ နောက်သို့ ဖြည်းနှေးစွာ ပြန်ဆုတ်လိုက်သည်။

ကျောက်ယွဲ့ကမူ အနည်းငယ် ရှက်ရွံ့နေ၏။

"ကိုယ် မျက်နှာ အရင်သွားသစ်လိုက်မယ်နော်"

ဝမ်းလျိုနျဲန်က သူ့ဘက်အား ကျောပေးထားလိုက်၏။

"အင်း"

ကျောက်ယွဲ့ကမူ ဤအတိုင်း ထမသွားချင်ပါ။

ဝမ်းလျိုနျဲန်ကမူ ကုတင်ထောင့်စွန်းကိုသာ လျှောက်ပြီး ပွတ်သပ်နေ၏။

ဓားပြဗိုလ်အား သိမ်းပိုက်ခြင်းحيث تعيش القصص. اكتشف الآن