အပိုင်း - ၅၄ ( တောတွင်းမှ အသံများ )
( ခေါင်းဆောင်က ကျောကုတ်ပေးတဲ့နေရာမှာ အရည်အချင်းရှိတယ် )
ညစာစားချိန်ဝယ် ကျောက်ယွဲ့မှာ ဝမ်းလျိုနျဲန်အား ထမင်းတစ်ပန်းကန် ခွံ့ကျွေးရသည်။ ရက်အနည်းငယ် လေ့ကျင့်ခဲ့ရုံဖြင့် ခေါင်းဆောင်ကျောက်၏ ထမင်းခွံ့ကျွေးခြင်းအတတ်ပညာမှာ လွန်စွာမှ တိုးတက်ထူးချွန်လာပြီဖြစ်သည်။ အသားတစ်လှည့်၊ အရွက်တစ်လှည့် ခွံ့ကျွေးရမည်ကို သိရုံတင်မက စွပ်ပြုတ်သောက်ချင်လားဟုပင် အရင်မေးဖော်ရလာ၏။
ထမင်းနှစ်ပန်းကန် စားပြီးသည့်နောက် ဝမ်းလျိုနျဲန်က ကျေနပ်အားရစွာ အေ့ခနဲ လေချဥ်တက်လိုက်သည်။
"ကျေးဇူးပါ"
ကျောက်ယွဲ့က သူ့ပါးစပ်အား သုတ်ပေးလာ၏။ ထိုသူမှာ တစ်နေကုန်တစ်နေခမ်း ငုတ်တုတ်ထိုင်နေရသော်ငြား စားချင်သောက်ချင်စိတ်ကမူ လျော့မသွာခဲ့းပါချေ။
ဝမ်းလျိုနျဲန်က မတ်တတ်ရပ်လိုက်သည်။
"ခဏလောက် သွားအိပ်လိုက်ဦးမယ်"
ကျောက်ယွဲ့က သူ့အား ထိုင်ရှိခိုးချင်စိတ်ပင် ပေါက်လာ၏။
"စားပြီးတာနဲ့ တန်းအိပ်မှာပေါ့?"
ဒီလောက်အများကြီး စားထားတာကို။
"မရဘူးလေ။ အလုပ်အကြောင်း ပြောခွင့်မပေးမှတော့ နိုးနေရင်လည်း ဘာမှမှ လုပ်စရာမရှိတာ"
"အစိုးရအလုပ်ကလွဲရင် ဘာမှလုပ်စရာမရှိဘူး၊ဟုတ်စ? နေဦး၊ မအိပ်သေးနဲ့"
ကျောက်ယွဲ့က ဝမ်းလျိုနျဲန်၏ ဝတ်ရုံစအား လှမ်း၍ ဆုပ်ကိုင်လိုက်သည်။ ဝမ်းလျိုနျဲန်က အမြန်မေးလာ၏။
"ဖုတ်ကောင်ရိုင်းအကြောင်းဆိုရင်ကော"
"....."
ကုတ်ရာကြီးကို ခုထက်ထိ တွေ့နေရတာကိုလေ။
"ပြီးတော့ ဟိုအလောင်းတွေအကြောင်းရောပဲ"
"အဲ့ကိစ္စတွေကအရင်အတိုင်းပဲ၊ ဘာတိုးတက်မှုမှ မရှိသေးဘူး
"ဘယ်အချိန်ကျမှ ကျွန်တော် အလုပ်ပြန်သွားလုပ်လို့ ရမှာလဲ"